K pop

■ BTS ကို World Star ဖြစ်စေခဲ့တဲ့ သီချင်း (၆)ပုဒ်

– – – ဖြည်းဖြည်းချင်း ဒါပေမဲ့ သေချာပေါက် ထိပ်ဆုံးရောက်အောင် သူတို့ ချီတက် …

BIGBANG ကို Idol အဖြစ် ထားပြီး hip-hop စီးကြောင်းကို စီးဆင်းခဲ့တဲ့ BTS ဟာ လက်ရှိ K-pop မှာ အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေသလို၊ သမိုင်းမှာပါ ထိပ်တန်းမှာ ရှိနေမယ့် အဖွဲ့ဖြစ်လာခဲ့ပါပြီ။ BTS ရဲ့ သီချင်းတိုင်းမှာ ပုံပြင်တွေ ရှိတယ်။ ဒီသီချင်းတွေကတော့ BTS ကို World Star ဖြစ်စေခဲ့တဲ့ သီချင်းတွေလို့ ကျွမ်းကျင်သူတွေက သတ်မှတ်ကြပါတယ်။

Boy In Luv

၂၀၁၄ ထုတ် EP ဖြစ်တဲ့ Skool Luv Affair မှာ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းက ကိုရီးယားမှာ BTS ကို အရှိန်ရစေခဲ့တဲ့ သီချင်းဖြစ်ပြီး ကိုရီးယား Charts တွေမှာ နံပါတ် (၄၅) ချိတ်ခဲ့တာပါ။ ပြီးတော့ Skool Luv Affair EP က Billboard World Albums Chart မှာ နံပါတ် (၃) ချိတ်ခဲ့ပါတယ်။

I NEED U

၂၀၁၅ မှာ ထုတ်ဝေခဲ့တဲ့ ဒီသီချင်းက BTS ကို အာရှမှာ လူသိစေခဲ့တဲ့ သီချင်းလို့ ဆိုနိုင်ပါတယ်။ The Most Beautiful Moment in Life, Part 1 အမည်ရတဲ့ EP မှာ ပါဝင်တဲ့ သီချင်းဖြစ်ပြီး ကိုရီးယားမှာ နံပါတ် (၅)အတွင်း ဝင်တဲ့ သူတို့ရဲ့ ပထမဆုံးသီချင်းဖြစ်သလို၊ The Show မှာ ပထမဆုံးဆုရတဲ့ သီချင်းလည်း ဖြစ်ပါတယ်။

Dope

Dope က BTS ကို ကမ္ဘာတစ်လုံး သိစေခဲ့တဲ့ သီချင်းလို့ ဆိုနိုင်ပါတယ်။ အေဂျင်စီသေးသေးလေးက ပွဲထွက်လာတဲ့ အဖွဲ့အနေနဲ့ You Tube Views သန်း (၁၀၀) ရဖို့ဆိုတာ လုံးဝမလွယ်တဲ့ အချိန်မှာ Dope က အဲဒီအချက်တွေ အားလုံးကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

FIRE

၂၀၁၆ မှာ FIRE သီချင်းကို ထုတ်ဝေပြီးနောက်မှာတော့ BTS အဖွဲ့ရဲ့ ကျော်ကြားမှုက အံ့မခန်းဖြစ်ခဲ့ပါတယ်။ အဲဒီသီချင်းဟာ ကိုရီးယားမှာ နောက်ခံသီချင်းအဖြစ် အရမ်းအသုံးများခဲ့ပြီး BTS အဖွဲ့ကို လူသိများစေတဲ့ သီချင်းဖြစ်ပါတယ်။ 2016 MAMA မှာ BTS က FIRE သီချင်းကို ဖျော်ဖြေခဲ့ပြီး ဒါက MAMA သမိုင်းမှာ အကောင်းဆုံးဖျော်ဖြေမှုတွေထဲက တစ်ခုအပါအဝင် ဖြစ်ခဲ့တာပါ။

Blood, Sweat, and Tears

၂၀၁၆ မှာ ထုတ်ဝေခဲ့တဲ့ Wings Album မှာ ပါဝင်တဲ့ Blood, Sweat, and Tears ဟာ ကိုရီးယား Music Chart တွေမှာ all-kill ရခဲ့တဲ့ သီချင်းဖြစ်တယ်။ ပြီးတော့ ဒီသီချင်းက Gaon Digital Chart မှာ နံပါတ် (၁) ဖြစ်ခဲ့သလို၊ U.S. Billboard 200 chart မှာလည်း Wings Album က နံပါတ် (၂၆) ချိတ်ခဲ့ပါတယ်။

FAKE LOVE

၂၀၁၈ မှာ ထုတ်ဝေခဲ့တဲ့ Love Yourself: Tear Album မှာ ပါဝင်တဲ့ FAKE LOVE သီချင်းနဲ့အတူ BTS အဖွဲ့ဟာ Top Social Artist ဆုကို (၂)နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။ အဲဒီ Album က BTS အဖွဲ့ကို တစ်ကမ္ဘာလုံးမှာ အသိအမှတ်ပြုခြင်း ခံခဲ့ရစေပြီး U.S. Billboard 200 chart မှာ နံပါတ် (၁) ချိတ်ခဲ့တာပါ။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page