K pop

■ BLACKPINK အဖွဲ့ရဲ့ Vocal Trainer ဟောင်း ရွေးချယ်တဲ့ အမှတ်ရဆုံး BLACKPINK အဖွဲ့ဝင်

– – – Shin Yoo Mi ဟာ BLACKPINK, TWICE နဲ့ GOT7 တို့ရဲ့ Vocal Trainer ဖြစ်ခဲ့ပြီး BLACKPINK အဖွဲ့ဝင်တွေထဲက သူမ အမှတ်ရဆုံးအဖွဲ့ဝင်တစ်ယောက်ကို ထုတ်ပြောခဲ့ပါတယ်။

Shin Yoo Mi ဟာ JYP Entertainment မှာ TWICE နဲ့ GOT7 တို့ရဲ့ Vocal Trainer အဖြစ် (၄) နှစ်ကြာ ဆောင်ရွက်ပြီးနောက်မှာတော့ BLACKPINK အဖွဲ့ကို လေ့ကျင့်ပေးဖို့ YG Entertainment ကို ပြောင်းရွှေ့ခဲ့ပါတယ်။

သူမဟာ နာမည်ကျော် Idol တွေကို လေ့ကျင့်ပေးခဲ့တဲ့ Vocal Trainer ဖြစ်ပြီး အဲဒီထဲမှာ သူမ အမှတ်တရဖြစ်နေတဲ့ အဖွဲ့နဲ့ အဖွဲ့ဝင်တစ်ယောက်ကို ရွေးချယ်ခဲ့တာပါ။

Shin Yoo Mi ဟာ BLACKPINK အဖွဲ့ကို (၅) နှစ်ကြာလေ့ကျင့်ပေးခဲ့တာကြောင့် အမှတ်တရဆုံးအဖွဲ့ကတော့ BLACKPINK ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Idol တွေထဲမှာဆိုရင်တော့ Shin Yoo Mi ရဲ့ ရင်ကို ဆွဲဆောင်နိုင်ခဲ့တာက တခြားသူ မဟုတ်ပါဘူး။ Rosé ဖြစ်ပါတယ်တဲ့။

BLACKPINK အဖွဲ့ဝင်တွေထဲက တစ်ယောက်ကို ရွေးချယ်ဖို့ ခက်ခဲပေမယ့် Shin Yoo Mi က Rosé ရဲ့ အသံကို အရမ်းကြိုက်တယ်လို့ ဝန်ခံခဲ့ပါတယ်။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page