K pop

■ Wolf Era တုန်းက လုပ်ရပ်အတွက် ယနေ့တိုင် အစခံနေရတဲ့ Sehun

– – – (၇)နှစ်ကျော်သွားပြီဖြစ်ပေမယ့် Wolf သီချင်းက Sehun ရဲ့ လုပ်ရပ်တစ်ခုကို EXO အစ်ကိုက စနောက်လို့ ကောင်းတုန်း …

Wolf သီချင်း ထွက်တုန်းက ဖြစ်ရပ်တစ်ခုကို EXO အဖွဲ့ဝင်တွေ ယနေ့တိုင် မမေ့နိုင်ဘဲ ရှိနေကြတုန်းပါ။ အဲဒီအရာကတော့ တခြားမဟုတ်ပါဘူး။ EXO အဖွဲ့ အငယ်ဆုံးလေး Oh Sehun ရဲ့ မျက်လုံးတစ်ဖက်မှိတ်ပြမှု(Wink) ဖြစ်ပါတယ်။

အဲဒီတုန်းက အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသလို၊ ဖျော်ဖြေမှုတွေမှာ အထာမကျတဲ့ Sehun ဟာ Wink လုပ်ရာမှာလည်း အခုလောက်တော့ အဆင်မပြေခဲ့တာ သေချာပါတယ်။ မျက်လုံးတစ်ဖက်မှိတ်ပြတယ်ဆိုပေမယ့် Sehun က Wink လုပ်ရာမှာ မျက်လုံးနှစ်ဖက်စလုံး မှိတ်ခဲ့တာ ဖြစ်ပြီး အဲဒါကိုပဲ EXO အစ်ကိုတွေက ယနေ့တိုင် မမေ့နိုင်ကြတာပါ။

EXO အဖွဲ့ဟာ သိပ်မကြာခင်က Music Show တစ်ခုမှာ ဖျော်ဖြေခဲ့တဲ့ နောက်ကွယ်က behind-the-scenes ကို ဖော်ပြခဲ့ပြီး အဲဒီမှာ Sehun ကို စနောက်ခဲ့တာပါ။

Kai – ကျွန်တော် စလိုက်ထိုးလိုက်တာ မိုက်တယ်မလား။
Baekhyun – ဒါပေမဲ့ တကယ်လို့ အဲဒီ စလိုက်ကသာ Wolf က Sehunnie ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ကွာ။
Chanyeol – အော် Wink… Wink ..
Chen – မျက်လုံးမှိတ်ပြတဲ့ နတ်သားလေးပေါ့။

EXO အစ်ကိုတွေ အဲဒီလို စနောက်မှုကို Sehun က “ကျွန်တော်မှ မျက်လုံးမမှိတ်ပြတတ်တာ မျက်လုံးမှိတ်ပြဖို့ ပြောလို့သာ အဲဒီတုန်းက လုပ်ခဲ့ရတာ”ဆိုပြီး ခပ်ရှက်ရှက်နဲ့ ပြန်ပြောခဲ့ပါတယ်။

ဒါပေမဲ့ Wolf က Sehun ရဲ့ Wink မှာ ချစ်စရာကောင်းခဲ့ပြီး နှုတ်ခမ်းမလေးများစွာရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့တာတော့ အမှန်ပါပဲ။

– ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page