K pop

■ ဒီဇင်ဘာလ Girl Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်အဖွဲ့တွေ ဦးဆောင်ခဲ့သလဲ

— ပြီးခဲ့တဲ့ ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလတို့ရဲ့ Girl Group Brand Reputation Rankings မှာ ဦးဆောင်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ အခုလည်း ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ ဒီဇင်ဘာလမှာ Brand Reputation Index (5,295,467) ရရှိခဲ့ပြီး နံပါတ် (၁)နေရာမှာရပ်တည်ခဲ့တာပါ။ BLACKPINK အဖွဲ့ရဲ့နောက် နံပါတ်(၂)မှာ ရပ်တည်ခဲ့တဲ့အဖွဲ့ ကတော့ TWICE အဖွဲ့ဖြစ်ပြီး Brand Reputation Index (4,234,719) ရရှိခဲ့ပါတယ်။ နံပါတ် (၃)မှာတော့ SM Entertainment ရဲ့ Rookie အဖွဲ့သစ် aespa အဖွဲ့က ရပ်တည်နိုင်ခဲ့ပြီး Brand Reputation Index (3,820,383) ရရှိခဲ့ပါတယ်။

Korean Business Research Institute နိုဝင်ဘာလ 13 ရက်နေ့ကနေ ဒီဇင်ဘာလ 13ရက်နေ့အထိ Girl Group တွေရဲ့ လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ် လအတွင်း လူကြိုက်အများဆုံး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာလ Girl Group Brand Reputation Rankings (30)စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

1# BLACKPINK ၊ 2# TWICE ၊ 3# aespa ၊ 4# IZ*ONE ၊ 5# Oh My Girl ၊ 6# MAMAMOO ၊ 7# Red Velvet ၊ 8# STAYC ၊ 9# (G)I-DLE ၊ 10# ITZY

11# GFRIEND ၊ 12# Ladies’ Code ၊ 13# EVERGLOW ၊ 14# Lovelyz ၊ 15# woo!ah! ၊ 16# APRIL ၊ 17# fromis_9 ၊ 18# Girls’ Generation ၊ 19# Weeekly ၊ 20# LOONA

21# WJSN ၊ 22# Apink ၊ 23# STELLAR ၊ 24# MOMOLAND ၊ 25# Bling Bling ၊ 26# EXID ၊
27# Secret ၊ 28# SECRET NUMBER ၊ 29# CLC ၊ 30# Weki Meki

-m2t
Ref: Soompi

You cannot copy content of this page