K pop

■ Super Junior အဖွဲ့ဝင်တွေသာ မိန်းကလေးတွေဆိုရင် Siwon ရွေးချင်တဲ့ အဖွဲ့ဝင်

— Siwon ကလည်း ဒီ Super Junior အဖွဲ့ဝင်ကို ရွေးသလို…အဲဒီအဖွဲ့ဝင်ကလည်း သူသာ မိန်းကလေးဆိုရင် Siwon ကို ရွေးပါတယ်တဲ့…

ဒီဇင်ဘာလ 9 ရက်နေ့က ပြသခဲ့တဲ့ MBC every1’s television show ‘Weekly Idol’ အစီအစဉ်မှာ Super Junior အဖွဲ့ဟာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ဟာ အကြောင်းအရာမျိုးစုံကို ပြောဆိုခဲ့ကြသလို Siwon ဟာလည်း ဘယ်လို လက်ထပ်ခြင်းအိပ်မက်ရှိသလဲလို့ မေးမြန်းခံခဲ့ရတာပါ။

ဒီမေးခွန်းကို Siwon က “ ထွေထွေထူးထူးတော့မရှိပါဘူး။ မိသားစုဘဝကို ဦးစားပေးတဲ့ ပုံမှန် အိမ် ထောင်ရေးဘဝကိုပဲ ကျွန်တော်နှစ်သက်ပါတယ်။ ဒီလိုမျိုးတွေပဲ ကျွန်တော် ကြိုက်ပါတယ်” လို့ပြောခဲ့ ပါတယ်။

နောက်တော့ “ Super Junior အဖွဲ့ဝင်တွေသာ မိန်းကလေးဆိုရင် ဘယ်သူ့ကို မင်းရဲ့ဇနီးအဖြစ် ရွေးချင်သလဲ” လို့ ထပ်မံမေးမြန်းခံရတဲ့အခါ Siwon က မဆိုင်းမတွဘဲ RyeoWook လို့ ဖြေခဲ့ပါတယ်။

Siwon ရဲ့အဖြေကိုကြားတဲ့အခါ RyeoWook ကလည်း သူသာ မိန်းကလေးဆိုရင် Siwon ကို သေချာ ပေါက်ရွေးမှာလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“ ဘာကြောင့် Siwon ကို ရွေးသလဲဆိုတာ သိချင်ကြလား။ ငါသာ မိန်းကလေးဆိုရင် ပိုက်ဆံအများ ကြီးရှိတဲ့ ယောကျာ်းလေးကို ကြိုက်လို့ပါ” လို့ နောက်ပြောင်ရယ်မောပြီး ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

 

You cannot copy content of this page