K pop

■ ARMY တွေကို Jimin ဘာပြောသလဲ

—- Jimin ဟာ ကမ္ဘာအနှံ့က ARMY တွေရဲ့ ကျန်းမာရေးအတွက် စိတ်ပူပြီး…

လက်ရှိအချိန် တောင်ကိုရီးယားနိုင်ငံမှာ COVID 19 ကူးစက်မှုတွေ တဖန်မြင့်တက်လာလျက်ရှိပါ တယ်။ ဒါကြောင့် BTS အဖွဲ့ဝင် Jimin ဟာ ARMY တွေရဲ့ ကျန်းမာရေးအတွက် စိတ်ပူပြီး BTS ရဲ့ Official ဆိုရှယ်မီဒီယာအထက်မှာ စာရေးသားခဲ့ပါတယ်။

Jimin က “ လက်ရှိအချိန် အပြင်မှာ COVID 19 ကူးစက်မှုတွေဟာ ပိုပြီး ပိုပြီး ဆိုးရွားလာပါတယ်။ ပရိသတ်တွေအနေနဲ့ အပြင်ထွက်တဲ့အခါ Mask တွေ သေချာတပ်ကြပြီး ပိုပြီး ဂရုစိုက်ကြပါ။ ထပ်ခါ ထပ်ခါ သတိထား ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မကြာခင်မှာ အခြေအနေတွေအားလုံး ပြန်တည်ငြိမ် သွားမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

BTS ဟာ COVID-19 safety နဲ့ပတ်သက်ပြီး Official Event တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ပရိုးမိုးရှင်း ပူးပေါင်းပါဝင်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး COVID 19 Pandemic နဲ့ စီးပွားရေးကျဆင်း မှုတွေရှိခဲ့ပေမယ့်လည်း Big Hit Entertainment ကတော့ အမြတ်ငွေမြောက်များစွာရရှိခဲ့တာဖြစ်ပါ တယ်။ မကြာသေးခင်ကလည်း BTS ဟာ TIME မဂ္ဂဇင်းရဲ့ ‘Entertainer of the Year.’ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page