K pop

■ “2020 APAN Music Awards” Poster မှာ V မပါဝင်တာကို ပြန်ပြင်ပေးဖို့ ARMY တွေ တောင်းဆို

— “ BTS ဆိုတာ အမြဲတမ်း 7” ဆိုပြီး ARMY တွေ တောင်းဆိုခဲ့ကြ…

ARMY တွေဟာ 2020 The Fact Music Awards ဆုပေးပွဲမှာ BTS အဖွဲ့အနေနဲ့ အဓိကဆုတွေ သိမ်းကြုံရယူခဲ့လို့ အောင်ပွဲခံခဲ့ကြပေမယ့် အခြားတစ်ဖက်မှာလည်း 2020 APAN Music Awards ပိုစတာမှာ V ပုံမပါဝင်ခဲ့တာကို ဒေါသထွက်ခဲ့ကြပြီး ပြန်ပြင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

2020 APAN Music Awards ဟာ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ Show ပွဲအတွက် ပိုစတာဓါတ်ပုံ (၂)ပုံ တင်ပြီး အွန်လိုင်းလက်မှတ်တွေရောင်းခဲ့တာဖြစ်ပါတယ်။ ပထမတစ်ပုံမှာတော့ BTS အဖွဲ့ဝင် (၇)ဦး စလုံးပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယတစ်ပုံမှာတော့ BTS အဖွဲ့ဝင် (၆)ဦးသာပါဝင်ကာ V ရဲ့ပုံမပါဝင်ခဲ့ ဘဲ မှားယွင်းခဲ့တာဖြစ်ပါတယ်။

ဒါကို ARMY တွေက သတိထားမိခဲ့ကြပြီး APAN Music Awards ကို ပြန်ပြင်ပေးဖို့ မက်ဆေ့ချ်တွေပို့ ကာတောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ARMY တွေဟာ 2016 ခုနှစ်က V ပြောထားခဲ့တဲ့ “ အဖွဲ့ဝင် တစ်ဦးကမှ ဘေးမဖယ်ထားဘဲ ကျေးဇူးပြုပြီး ကျွန်တော်တို့ 7 ဦးစလုံးကို ချစ်ပေးကြပါ” ဆိုတဲ့ စကားနဲ့ အတူ “ BTS ဆိုတာ အမြဲတမ်း OT7” ဆိုပြီး Twitter မှာ Trend လုပ်ခဲ့ကြပါတယ်။

ARMY တွေရဲ့ အမှားကိုပြန်ပြင်ပေးဖို့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး APAN ကတော့ တစ်စုံတစ်ရာ တစ်ခုမှ မထုတ်ပြန်သေးပါဘူး။

-m2t
Ref: Koreaboo

You cannot copy content of this page