K pop

■ Jihyo ရဲ့ ဖုန်း Screen ထဲက လူက ဘယ်သူလဲ

— ONCE တွေဟာ Jihyo ရဲ့ ဖုန်း Screen ထဲက လူကို တွေ့ပြီး…

မကြာသေးခင်က TWICE အဖွဲ့ဟာ ‘2020 KBS Gayo Daechukje (Song Festival)’ မှာဖျော်ဖြေဖို့ အတွက် ဒီဇင်ဘာလ 10 ရက်နေ့က Pre-recording ပြုလုပ်ခဲ့ပါတယ်။ TWICE အဖွဲ့အနေနဲ့ စတူဒီယို ကနေ ထွက်လာပြီး အိမ်ပြန်လာတဲ့အခါ ပရိသတ်တွေက စောင့်ဆိုင်းပြီး ဓါတ်ပုံတွေရိုက်ခဲ့ကြတာပါ။

အဲဒီမှာ TWICE အဖွဲ့ခေါင်းဆောင် Jihyo ရဲ့ ဓါတ်ပုံနှစ်ပုံဟာ Twitter မှာပျံ့နှံ့ပြီး ONCE တွေအကြား နာမည်ကြီးခဲ့ပါတယ်။ အကြောင်းကတော့ Jihyo ရဲ့ ဖုန်း Screen ထဲက လူကြောင့်ဖြစ်ပါတယ်။ Jihyo ရဲ့ ဓါတ်ပုံနှစ်ပုံကို Tweet လုပ်သူတွေများခဲ့ပြီး Retweet 7 ထောင်နီးပါးခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Jihyo ရဲ့ ဖုန်း Screen ထဲက သူဟာ အခြားသူတော့မဟုတ်ပါဘူး။ စိတ်လှုပ်ရှားမှုရောဂါ ကြောင့် အနုပညာလှုပ်ရှားမှုကနေ အနားယူနေတဲ့ TWICE အဖွဲ့ဝင် Jungyeon ဖြစ်တယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။

“ Screen ထဲက လူက Jungyeon … ငါတို့ အရမ်းသတိရနေတယ်…Jungyeon ” ၊ “ အဲဒါ Jungyeon လို့ ငါတို့ကို ပြောပါ…Jungyeon သေချာပါတယ်” ၊ “ Jihyo … မင်းရဲ့ ဖုန်းကို သန့်ရှင်းရေးလုပ်ပါဦး… ဖုန်း Screen ထဲက သူဟာ ဘယ်သူလဲဆိုတာ သေချာမတွေ့ရဘူး” ၊ “ ဖုန်း Screen မှာ လက်ဗွေရာ အများအပြားရှိခဲ့တဲ့ ဖုန်းကို တစ်ခါမှ မမြင်ဖူးဘူး” စတဲ့ မှတ်ချက်အချို့ကို ပရိသတ်တွေက ပြုလုပ်ခဲ့ကြ ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page