Celebrity

■ 2020 ခုနှစ် Top 10 ကိုရီးယား သရုပ်ဆောင်များ

— 2020 ခုနှစ်မှာ ဒီ ကိုရီးယားသရုပ်ဆောင် (10)ဦးဟာ The Best Of The Best ဖြစ်ခဲ့သူတွေဖြစ် ပါတယ်…

2020 ခုနှစ်ပြက္ခဒိန်ဟာ မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ 2020 ခုနှစ်မှာ ကိုရီးယား ရုပ်ရှင်၊ ဒရာမာကောင်းတွေ အများအပြားထွက်ပေါ်ခဲ့ပြီး ပရိသတ်တွေအကြား Hit ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်၊ ဒရာမာကောင်းတွေနဲ့အတူ လိုက်ဖက်မှုရှိတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ ချစ်ခင်နှစ် သက်ခဲ့ကြတဲ့ Top 10 ကိုရီးယားသရုပ်ဆောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

1) Park Bo Gum

မင်းသား Park Bo Gum ဟာ စစ်မှုတာဝန်မထမ်းဆောင်ခင်မှာ tvN coming-of-age drama “Record of Youth” မှာသရုပ်ဆောင်ခဲ့သလို ဝါရင့်မင်းသား Gong Yoo နဲ့လည်း “Seo Bok” ရုပ်ရှင် ကိုရိုက်ကူးကာ ပရိသတ်တွေအတွက် ချန်ထားပေးခဲ့သူဖြစ်ပါတယ်။

2) Nam Joo Hyuk

Nam Joo Hyuk ရဲ့ ဒရာမာဖြစ်တဲ့ “Start-Up.” ဟာ မကြာသေးခင်ကမှ ပြီးဆုံးသွားခဲ့သလို ပရိသတ် တွေနှစ်သက်ခဲ့တဲ့ ဒရာမာလည်းဖြစ်ပါတယ်။ နောက်ပြီး Nam Joo Hyuk ရဲ့ sci-fi fantasy drama “The School Nurse Files” ဟာလည်း ပေါက်ခဲ့တဲ့ ကားတစ်ခုလည်းဖြစ်ပါတယ်။ မကြာခင်မှာလည်း ရုပ်ရှင် “Josée” ဟာထွက်လာတော့မှာဖြစ်ပါတယ်။

3) Jo Jung Suk

မင်းသား Jo Jung Suk ကတော့ 2020 ခုနှစ်မှာ tvN series “Hospital Playlist” နဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရခဲ့တာပါ။ Jo Jung Suk ရဲ့ Comedic ဇာတ်ကောင်ကို နှစ်သက်ခဲ့ကြသလို အဆိုပါ “Hospital Playlist” ဒရာမာ OST သီဆိုမှုနဲ့လည်း ဆုရခဲ့တဲ့သူဖြစ်ပါတယ်။

4) Joo Ji Hoon

မင်းသား Joo Ji Hoon ရဲ့ ဇွန်ဘီ ဒရာမာ “Kingdom” ကမ္ဘာအနှံ့ပေါက်ခဲ့သလို SBS’s “Hyena” မှာလည်း ရှေ့နေတစ်ဦးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။

5) Park Seo Joon

မင်းသား Park Seo Joon ကတော့ “Itaewon Class” Park Sae Ro Yi (ဂတုံး)တစ်ဦးအနေနဲ့ ကမ္ဘာ အနှံ့ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို သိမ်းကြုံးယူသွားသူပါ။ အခုချိန်အထိ ပရိသတ်တွေဟာ “Itaewon Class” ဒရာမာကို တစ်ခေါက်မက ထပ်ခါထပ်ခါ ကြည့်ချင်စိတ်ဖြစ်အောင် ရသမျိုးစုံပေးစွမ်း တဲ့ ဒရာမာကောင်းတစ်ခုဖြစ်ပါတယ်။

6) Namgoong Min

မင်းသား Namgoong Min ဟာ အရင်တုန်းက ဗီလိန်ဇာတ်ကောင်တွေကိုသာရိုက်ခဲ့ပေမယ့် Doctor Prisoner (2019) နဲ့ Hot Stove League (2019-2020) ဒရာမာတွေမှာ အဓိကခေါင်းဆောင်မင်းသား နေရာကနေ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ နှစ်သက်မှုကို ရခဲ့တဲ့သူဖြစ်ပါတယ်။

7) Kim Soo Hyun

ဒရာမာတွေနဲ့ ရုပ်ရှင်ပရော့ဂျက်ကို ရွေးတဲ့နေရာမှာ အလွန်တော်သလို ဈေးအကြီးဆုံး ကိုရီးယားသရုပ် ဆောင်ဖြစ်တဲ့ Kim Soo Hyun ဟာ စစ်မှုတာဝန်ထမ်းဆောင်ပြီးတာနဲ့ “It’s Okay to not be Okay.” ဒရာမာကို လက်ခံခဲ့သူဖြစ်ပါတယ်။ “It’s Okay to not be Okay” ဒရာမာထဲက သူ့ရဲ့ Moon Kang Tae ဇာတ်ရုပ်ဟာ ပရိသတ်တွေကို ရသမျိုးစုံနဲ့ အတွေးတွေပေးခဲ့တဲ့ ဇာတ်ရုပ်လည်းဖြစ်ပါတယ်။

8) Lee Joon Gi

မင်းသား Lee Joon Gi ရဲ့ “Flower of Evil.” ဟာလည်း ပရိသတ်တွေနှစ်သက်ခဲ့ကြသလို လျှို့ဝှက် သည်းထိတ်ဖွယ်ဒရာမာဖြစ်ပြီး Baek Hee Sung ကာရိုက်တာဟာ Lee Joon Gi နဲ့ လိုက်ဖက်မှုရှိတာ ဖြစ်ပါတယ်။

9) Lee Dong Wook

“Tale of the Nine-Tailed”ဟာ မထွက်လာခင်ကတည်းက နာမည်ကြီးခဲ့သလို ထွက်လာတော့လည်း ပရိသတ်တွေနှစ်သက်ခဲ့တဲ့ ဒရာမာပါ။ ဦးဦးသေမင်းကနေ နှစ်တစ်ထောင် မြေခွေး လီယွန်းဖြစ်တော့ လည်း ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဆွဲဆောင်နိုင်ခဲ့တဲ့ Lee Dong Wook ဖြစ်ပါတယ်။

10) Hyun Bin

မြောက်ကိုရီးယားဗိုလ်ကြီးမှ ဗိုလ်ကြီးဖြစ်သွားစေခဲ့တဲ့ Hyun Bin မဟုတ်ပါလား။ မင်းသမီး Son Ye Jin နဲ့ လိုက်ဖက်မှုရှိစွာ Captain Ri Jung Hyuk ဖြစ်ခဲ့တဲ့ Hyun Bin ရဲ့ ဒရာမာ Crash Landing on You ဟာ အခုအချိန်အထိ ပရိသတ်တွေ သဘောတွေ့နှစ်ခြိုက်နေဆဲ ဒရာမာဖြစ်ပါတယ်။

Bonus: Oh Jung Se

မင်းသား Oh Jung Se ရဲ့ သရုပ်ဆောင်ကောင်းမှုကို လက်ဖျားခါစေတဲ့ ဒရာမာကတော့ “It’s Okay to not be Okay” မဟုတ်ပါလား။ မင်းသား Kim Soo Hyun ရဲ့ ချို့ယွင်းချက်ဖြစ်နေတဲ့ အစ်ကိုဖြစ်သူ ကာရိုက်တာအနေနဲ့ ဒရာမာတစ်ခုလုံး သရုပ်ဆောင်သွားခဲ့ပြီး ကြည့်ရှုသူပရိသတ်တွေကို ဆွဲဆောင် စေခဲ့တာ Oh Jung Se ကြောင့်လည်းဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page