K pop

■ Rosé = Certified Foodie

— – – Rosé နဲ့ အစားအသောက်၊ အစားအသောက်နဲ့ Rosé သူတို့ရဲ့ Bond ဘယ်လောက်ခိုင်မာတယ်ဆိုတာ …

BLACKPINK အဖွဲ့ဝင် Rosé ဟာ အစားအသောက်ကို ဘယ်လောက်နှစ်သက်တယ်ဆိုတာကို ပရိသတ်တွေ အားလုံး သိရှိပြီဖြစ်မှာပါ။ ဒါတွေကတော့ Rosé ကို Certified Foodie လို့ ခေါ်ကြတဲ့ အကြောင်းရင်းတွေဖြစ်တယ်လို့ ဆိုကြပါတယ်။

စတိတ်နောက်ကွယ်


စတိတ်ဖျော်ဖြေမှုတွေက ကြာလေ့ရှိသလို၊ အားထုတ်ရတာလည်း ပင်ပန်းတာကြောင့် အားကုန်လေ့ရှိပါတယ်။ အဲဒီလို အနေအထားမျိုးမှာ Rosé ကတော့ ခဏနားရင်တောင် အစားအသောက်ကို ရောက်သွားလေ့ရှိပါသတဲ့။

ကောင်းကင်မှာ


BLACKPINK အဖွဲ့နဲ့ အဖွဲ့ဝင်တွေ နိုင်ငံခြား အစီအစဉ်တွေ လေယာဉ်စီးရတာ ပြောစရာမလိုတဲ့ ကိစ္စပါ။ Rosé ကတော့ လေယာဉ်ပေါ်မှာတောင် အစားအသောက် မပျက်ပါဘူး။

လှုပ်ရှားမှုတွေ ပြီးနောက်


အနုပညာလှုပ်ရှားမှုတွေ မရှိတဲ့အခါ Rosé ဟာ သူငယ်ချင်းတွေနဲ့ အစားအသောက်ကောင်းတွေ စားသောက်နေကြသလို၊ တစ်ခါတလေ တစ်ယောက်တည်းလည်း သွားစားလေ့ရှိတယ်လို့ ဆိုပါတယ်။

လည်ပြီး လျှောက်စားမယ်


အမ်စတာဒမ်ကနေ ဘန်ကောက်အထိ၊ နယူးယောက်ကနေ ဆိုးလ်အထိ ဘယ်နေရာရောက်ရောက် Rosé ကတော့ မြို့ထဲ လည်ပြီး စားလေ့ရှိပါတယ်။

လမ်းလျှောက်ရင်း သောက်မယ်


လမ်းလျှောက်ရင်း စားသောက်လို့ ရတာပဲ မဟုတ်လား။ Rosé ကတော့ တစ်ခုခုသောက်ပြီး လမ်းလျှောက်ရတာကိုလည်း နှစ်သက်ပါသတဲ့။

— ဃဲ
Ref: SB

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page