K pop

■ OT12 တွေ ငိုရုံကလွဲလို့ ဘာမှမတတ်နိုင်မဲ့ Tao ရဲ့ EXO လွမ်းချင်း

— – – မဖြစ်သာလို့ ခွဲခွာလိုက်ရတဲ့ နာကျင်မှု၊ ဒါက ဘယ်လိုဝဋ်ကြွေးမျိုးပါလိမ့်။ နှလုံးထဲမှာ စိမ့်စိမ့်ထွက်နေတဲ့ …

ရေတွေ၊ မြေတွေ ခြားနေမယ်။ ဘာဘာစကားနဲ့ ယဉ်ကျေးမှု၊ အယူဝါဒနဲ့ ကိုးကွယ်မှု ဘာတွေ ဘယ်လောက်ပဲ ခြားနေပါစေ။ လူတိုင်းမှာ ခံစားတတ်တဲ့ နှလုံးသားတော့ ရှိကြပါတယ်။ နှလုံးနာတယ်ဆိုတာမျိုးက ခံစားဖူးသူတွေပဲ သိတာပါ။

၂၀၁၂ မှာ အဖွဲ့ဝင် (၁၂) ယောက်နဲ့ ပွဲထွက်ခဲ့တဲ့ EXO အဖွဲ့ဟာ အောင်မြင်မှုအထွဋ်အထိပ်ကို ပိုင်ဆိုင်နေချိန်မှာပဲ အဖွဲ့ဝင် (၃)ဦးကို ဆုံးရှုံးလိုက်ရတယ်။ အဲဒီထဲမှာ Tao ကလည်း တစ်ယောာက်အပါအဝင်ပါပဲ။

Tao က EXO အဖွဲ့နဲ့ လုံးဝလမ်းမခွဲချင်ဘူး။ ဒါပေမဲ့ လောကက ရက်စက်ပါတယ်။ တစ်ခါတလေမှာ လမ်းခွဲလိုက်ရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အခြေအနေတွေဆိုတာမျိုးက ရှိတာကို။ အဲဒီလို အနေအထားမှာ နာရတာ နှလုံးသားပါ။

“အခိုက်အတန့်တချို့၊ နာကျင်မှုတချို့၊ ပျော်ရွှင်မှုတချို့။ ကျွန်တော် သူတို့(EXO အဖွဲ့ကို ဆိုလိုသည်)ဆီကို ပြန်သွားလို့ မရလောက်တော့ပါဘူး။ ကျွန်တော် အခုလို ဆုံးဖြတ်ခဲ့ရပေမဲ့ အခုအချိန်ထိ (အဲဒီဆုံးဖြတ်ချက်အတွက်)နာကျင်ခံစားနေရဆဲပါပဲ”လို့ Tao က EXO အဖွဲ့နဲ့ လမ်းခွဲခဲ့ရတဲ့ သူ့ရဲ့ နာကျင်မှုကို ပြောပြပါတယ်။

Tao ဟာ လက်ရှိ တရုတ်မှာ အောင်မြင်တဲ့ တစ်ကိုယ်တော်အဆိုတော်၊ မင်းသားဘဝကို ဖြတ်သန်းနေသလို၊ ကိုယ်ပိုင်အေဂျင်စီ ထူထောင်နိုင်တဲ့အထိ အောင်မြင်မှုတွေ ရနေပေမဲ့ EXO နဲ့ ပတ်သက်ရင် သူ့ရဲ့နှလုံးသားဟာ နာကျင်နေတုန်း။ အဲဒီလိုပဲ OT12 Stans တွေဟာ အခုအချိန် သွေးမတိတ်တဲ့ ဒဏ်ရာတွေနဲ့ နာကျင်နေတုန်းပဲ မဟုတ်လား။

— ဃဲ
Ref: ZTao Moments

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page