K pop

■ G-Dragon ရဲ့ အရာတွေသာ ဖြစ်တယ်

– – – ဒါတွေက G-Dragon ရဲ့ အရာတွေသာ ဖြစ်ပြီး ဒါတွေဟာ သူ့ဆီမှာသာ

King of K-pop, Fashion King လို့ တင်စားကြတဲ့ G-Dragon ဟာ အလန်းစားဖက်ရှင်၊ အမိုက်စား ဖျော်ဖြေမှု၊ နှလုံးသားကို လှုပ်ခတ်နိုင်တဲ့ သီချင်းတွေကို ရေးစပ်ဖျော်ဖြေသူ ဖြစ်ပေမယ့် အားနာတတ်၊ ရှက်တတ်တဲ့ နေရာမှာ နှစ်ယောက် မရှိသူ ဖြစ်ပါတယ်။

ရှက်နေပုံကိုက ချစ်စရာကောင်းလွန်းနေတာကြောင့် အသက် (၃၀) ကျော်လာပြီ ဖြစ်ပေမယ့် G-Dragon က VIP တွေအတွက်တော့ ချစ်မဝတဲ့ ကောင်လေးတစ်ယောက်သာ ဖြစ်ပါတယ်။

ချစ်စရာကောင်းအောင် လုပ်တတ်တဲ့ နေရာကို ကြည့်မလား G-Dragon က ဘယ်သူနဲ့မှကို မတူပါဘူး။ ထူးဆန်းတဲ့ အသံတွေကို လုပ်နိုင်တဲ့ နေရာမှာလည်း G-Dragon ဟာ နှစ်ယောက်မရှိသူပါ။

ပရိသတ်တွေနဲ့ ကြည့်ဦးမလား။ ချစ်စရာကောင်းပုံက ကိုယ်တိုင်သာ ကြည့်လိုက်ပါ။အောက်က ဗီဒီယိုဖိုင်ကိုတော့ JUST G-DRAGON THINGS လို့ အမည်ပေးထားပါတယ်။ ဒီဗီဒီယိုမှာ G-Dragon ရသစုံကို ခံစားနိုင်မှာပါ။

– ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page