K pop

■ Idol ဘဝရှေ့ဆက်နိုင်ဖို့ အချိန်ပိုင်းအလုပ်တွေလုပ်နေရတဲ့ ကောင်မလေး

– – – Idol မှာ ရပ်တည်နိုင်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ကာနေရတဲ့ ကိုယ့်ဘဝကို ဝမ်းနည်းမိတယ်လို့ သူက ဆိုပါတယ်။

၂၀၁၄ မှာ ကောင်မလေး (၆)ယောက်နဲ့ ပွဲထွက်ခဲ့တဲ့ LABOUM အဖွဲ့ဝင်တွေဟာ အခုထက်ထိ Idol ဘဝက ဝင်ငွေရသေးပုံ မပေါ်ပါဘူး။ အထူးသဖြင့် Solbin က သူမဟာ Celebrity တစ်ယောက်မဖြစ်သေးဘူးလို့ ဆိုခဲ့ပါတယ်။

Solbin ဟာ Nangman Club အစီအစဉ်မှာ Idol ဘဝရှေ့ဆက်နိုင်ရေးအတွက် အချိန်ပိုင်းအလုပ်တွေ လုပ်ခဲ့ရကြောင်း ပြောပြတဲ့အခါမှာတော့ ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

“အချိန်ပိုင်းအလုပ်တွေကနေ မြေအောက်ရထားစီးပြီး အိပ်ပြန်ရတဲ့ နေ့တွေရှိပါတယ်။ အချိန်ပိုင်းအလုပ်တွေ အရင်ကလောက် မများတော့ပေမယ့် အခုထိ ကျွန်မတို့အနေနဲ့ Idol ဘဝက ဘာဝင်ငွေမရသေးပါဘူး။ ဝင်ငွေတစ်ပြား တစ်ကျပ်မှာကို မရသေးတာပါ။

ဒါပေမဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းက အတော်လေးပင်ပန်းနေပြီ။ မြေအောက်ရထားဘူတာ ရပ်နေတဲ့ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် စုတ်ပြတ်သတ်နေသလို ခံစားနေရတယ်။ Idol ဘဝ ရှေ့ဆက်နိုင်ရေးအတွက် အချိန်ပိုင်းအလုပ်တွေ လုပ်နေရတာကို ကျွန်မ ဝမ်းနည်းမိပါတယ်”
– Solbin

LABOUM အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ Global H Media က ပွဲထုတ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အဖွဲ့ဝင် Yulhee ထွက်သွားပြီဖြစ်လို့ အဖွဲ့ဝင် (၅)ယောက်နဲ့ ရှေ့ဆက်နေပါတယ်။ ဒါပေမဲ့ LABOUM အဖွဲ့အနေနဲ့ ခုအချိန်ထိ ခက်ခဲကြမ်းတမ်းပြီး ရှင်သန်ဖို့ခက်တဲ့ K-pop လောကမှာ အောင်မြင်ဖို့ ခက်ခဲနေတုန်းပါပဲ။

– ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page