K pop

■ ဂျပန်မဂ္ဂဇင်းက ရွေးချယ်တဲ့ အချောဆုံး ကိုရီးယားထိပ်တန်းမင်းသား (၁၀) ယောက်

– – – -ဒီမင်းသားတွေက Handsome အဖြစ်ဆုံးလို့ ဂျပန်မဂ္ဂဇင်းက ဆိုထားပြီး ဒီအပေါ် ပရိသတ်တွေရဲ့ သဘောထား ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။

ဂျပန်ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ JJ Magazine ဟာ နာမည်ကျော်တွေရဲ့ ဘဝနေထိုင်ပုံတွေနဲ့ ဖက်ရှင်တွေအကြောင်း ဖော်ပြပေးနေတဲ့ မဂ္ဂဇင်းပါ။ အထူးသဖြင့် ကိုရီးယားမင်းသားတွေ၊ Idol တွေအကြောင်းကိုလည်း နှံ့နှံစပ်စစပ် တင်ဆက်ပေးနေတာပါ။

အခုအခါမှာတော့ JJ Magazine က အချောဆုံး ထိပ်တန်းကိုရီးယားမင်းသား (၁၀) ယောက်ကို ရွေးချယ်ဖော်ပြပေးခဲ့ပါတယ်။ သူတို့ ရွေးချယ်ခဲ့တဲ့အထဲမှာ မင်းသားစစ်စစ်တွေလည်း ပါဝင်ခဲ့သလို ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ Idol တွေလည်း ပါဝင်ခဲ့ပါတယ်။

တကယ်တော့ ကိုရီးယားမင်းသားတိုင်းဟာ Visual ဖြစ်ပြီး ချောမောလှပလွန်းတာ အားလုံး လက်ခံထားကြတာပါ။ ဒါပေမဲ့ အဲဒီအားလုံးအထဲမှာမှ (၁၀) ယောက်တည်း ရွေးချယ်ခဲ့တာဖြစ်လို့ မမြင်မတူတာတွေ ရှိမှာဖြစ်ပြီး ဒီအပေါ် သဘောထားကွဲလွဲမှုတွေလည်း ရှိခဲ့ပါတယ်။

Park Hyung Sik

V (BTS)

Lee Min Ho

Kim Hyun Joong

Kim Soo Hyun

Taecyeon

Park Seo Joon

Ji Sung

Lee Jong Suk

Nam Joo Hyuk

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page