K pop

■ စစ်တပ်ထဲမှာရှိနေတဲ့အချိန် Xiumin အများဆုံးနားထောင်တဲ့ EXO သီချင်းတစ်ပုဒ်

—- စစ်တပ်ထဲမှာ Xiumin အများဆုံးနားထောင်တဲ့ EXO သီချင်းတစ်ပုဒ်က ဘာလို့ EXO-L တွေ ထင်ပါသလဲ…

Xiumin ဟာ စစ်မှုတာဝန်ပြီးဆုံးပြီးနောက် ပထမဆုံးအကြိမ် Live Broadcast လုပ်ခဲ့ပြီး EXO-L တွေ ရဲ့ နှစ်နှစ်အတွင်း အောင်းထားခဲ့ကြတဲ့ မေးခွန်းတွေကို ဖြေခဲ့ပါတယ်။ အဲဒီမှာ EXO-L တစ်ဦးဟာ Xiumin ကို “ စစ်မှုတာဝန်ထမ်းဆောင်နေစဉ်အတွင်း အများဆုံးနားထောင်လေ့ရှိတဲ့ သီချင်းက ဘာလဲ” ဆိုပြီး မေးခဲ့တာပါ။

ဒီမေးခွန်းကို Xiumin က EXO ရဲ့ “Obsession” သီချင်းကို အမြဲတမ်းနားထောင်ခဲ့ပြီး သူ့ကို အားအင် တွေပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ Xiumin ဟာ EXO အဖွဲ့အနေနဲ့ “Obsession” သီချင်းကို ထုတ်တဲ့ အခါ စစ်မှုတာဝန်ထမ်းဆောင်နေတာကြောင့် ပါဝင်နိုင်ခြင်းမရှိတဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။

Xiumin က EXO အဖွဲ့အနေနဲ့ “Obsession” သီချင်းကို စတိတ်စင်ပေါ်မှာ ဖျော်ဖြေတာကို တွေ့လိုက် တိုင်း သူကိုယ်တိုင်လည်း သူတို့နဲ့အတူ ဖျော်ဖြေချင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Xiumin က “Obsession” သီချင်းကို နားထောင်လိုက်တိုင်းမှာ ဒီသီချင်းကို အမြဲတမ်းနားထောင်သင့်တယ်လို့ ကိုယ့်ကိုယ်ကို တွေးတောခဲ့သလို တစ်နေ့ အဖွဲ့ဝင်တွေနဲ့အတူ ဒီသီချင်းကို အတူ ဖျော်ဖြေမယ်လို့ လည်း ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page