Celebrity

■ (2)နှစ်လောက် Crush ရဲ့ ငြင်းဆိုခြင်းကို ခံခဲ့ရတဲ့ မင်းသမီး Park So Dam

— မင်းသမီး Park So Dam ရဲ့ အတိတ်က ကြေကွဲဖွယ် တစ်ဖက်သတ် Love Story ဖြစ်ပါတယ်…

ဒီဇင်ဘာလ 11 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ JTBC’s television show ‘Gamsung Camping’ အပိုင်း တစ်ခုမှာ မင်းသမီး Park So Dam ဟာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး အဲဒီမှာ သူမရဲ့ ကြေကွဲဖွယ်ရာ Love Story ကို ဖွင့်ဟခဲ့တာပါ။

အစီအစဉ်အတွင်းမှာ Park So Dam က “ ကျွန်မ အလယ်တန်းကျောင်းသူဘဝတုန်းက ကျောင်းမှာ ကြိတ် Crush ခဲ့ရတဲ့ ယောကျာ်းလေးတစ်ယောက်ရှိခဲ့ပါတယ်။ သူ့နာမည်ကိုလည်း ကျွန်မ မသိတာ ကြောင့် ကျွန်မနဲ့ ကျွန်မရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတို့ဟာ သူ့ကို ‘School Uniform Guy’ လို့ ခေါ်ကြ ပါတယ်။ ဘာလို့လည်းဆိုတော့ သူဟာ ကျောင်းဝတ်စုံနဲ့ အရမ်းမိုက်လို့ဖြစ်ပါတယ်။

တစ်နေ့ ကျွန်မ ဖုန်းနံပါတ်တစ်ခုနဲ့ မက်ဆေ့ချ်တစ်ခုရခဲ့ပါတယ်။ အဲဒီမက်ဆေ့ချ်ကို ‘School Uniform Guy’ က ကျွန်မဖုန်းနံပါတ်ကို သူငယ်ချင်းတစ်ဦးဆီကနေ တောင်းပြီး ပို့တာဖြစ်ပါတယ်။ နောက်တော့ ကျွန်မတို့ စကားတွေပြောပြီး Date ခဲ့ပါတယ်။ Date ပြီးတဲ့အခါမှာ သူက ကျွန်မကို နိုင်ငံခြားဘာသာ စကား အထက်တန်းကျောင်းကို သွားမှာမို့လို့ နောက်ထပ်မတွေ့ချင်တော့ဘူးလို့ ငြင်းခဲ့ပါတယ်။

ဒါပေမဲ့ သူကလည်း မသွားဖြစ်ပါဘူး။ ဖြစ်ချင်တော့လည်း ကျွန်မဟာ သူ့ကို မမေ့နိုင်ခဲ့ပါဘူး။ ကျွန်မ ပထမဆုံးအကြိမ် ငြင်းပယ်ခံရပြီး (2)နှစ်အတွင်းမှာ (၃)ကြိမ်လောက် Date ဖို့ တောင်းဆိုခဲ့တာဖြစ်ပါ တယ်။ အဲဒီတုန်းက ကျွန်မဟာ Gummy ရဲ့ ‘If You Come Back’ သီချင်းကို နားထောင်ပြီး ညတိုင်း ငိုခဲ့ရပါတယ်။ သူက လွဲပြီး ကျွန်မမှာ အခြားလူမရှိဘူးလို့ တွေးထင်ခဲ့တာပါ။ အခုတော့ အဲဒါတွေဟာ ကောင်းမွန်တဲ့ အမှတ်တရတွေဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page