K pop

■ BTS ရဲ့ လတ်တလောအစီအစဉ်တွေနဲ့ ပတ်သက်ပြီး BigHit ကို ပရိသတ်များ ဆန္ဒပြ

— – – BTS နဲ့ ပတ်သက်တဲ့ BigHit ရဲ့ ဆုံးဖြတ်ချက်တော်တော်များများကို ပရိသတ်တွေက သဘောမကျဖြစ်နေကြ …

BTS အဖွဲ့ရဲ့လတ်လတော အစီအစဉ်တွေနဲ့ ပတ်သက်လို့ BigHit Entertainment ကို BTS အဖွဲ့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ARMYs တွေက Truck စေလွှတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပထမဆုံးအနေနဲ့ BTS အဖွဲ့ရဲ့ ငယ်ဘဝကို ထင်ဟပ်စေမဲ့ ဇာတ်လမ်းတွဲကို ဆန္ဒပြခဲ့တာဖြစ်ပြီး ထုတ်လုပ်ရေးအစီအစဉ်တွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့တာပါ။

ARMYs ပရိသတ်အဖွဲ့တွေဟာ BigHit မိသားစု Concert ကို ဆန္ဒပြခဲ့ကြပြီး “အေဂျင်စီ အောင်မြင်ဖို့အတွက်အတွက် BTS နဲ့ ARMYs တွေကို အသုံးမချပါနဲ့”လို့ Truck မှာ ရေးသားထားပါတယ်။

သူတို့ဟာ BigHit မိသားစု Concert ကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပြီး အဲဒီ မိသားစု Concert ဟာ BigHit Entertainment ရဲ့ တကိုယ်ကောင်းဆန်ပြီး အကျိုးရှာတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဆန္ဒပြတဲ့ Truck မှာ “BigHit ဟာ မူလပုံစံ ပျောက်ဆုံးသွားပြီး စတော့ရှယ်ယာဈေးတွေ တက်ဖို့အတွက်သာ အာရုံစိုက်နေတယ်”လို့ ရေးသားထားတာ တွေ့ရပါတယ်။

— ဃဲ
Source: theqoo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page