— – – အဖွဲ့ဝင် (၆)ဦးနဲ့ ထုတ်ခဲ့တဲ့ Obsession သီချင်းနဲ့ပတ်သက်လို့ Xiumin ရဲ့ ရိုးသားတဲ့အဖြေက
— – – စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ Xiumin ဟာ EXO အဖွဲ့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ EXO-Ls တွေနဲ့ ပြန်လည်ထိတွေ့နေပြီး V Live လွှင့်ကာ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေပေးခဲ့ပါတယ်။
အဲဒီမှာ ပရိသတ်တစ်ယောက်က Xiumin ကို “စစ်မှုထမ်းနေစဉ်အတွင်း အများဆုံး နားထောင်ဖြစ်တဲ့ ဘာသီချင်းများလဲ”လို့ မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းကို Xiumin ဟာ သူ စစ်မှုထမ်းနေစဉ်အတွင်း အများဆုံးနားထောင်ဖြစ်တာက EXO အဖွဲ့ရဲ့ Obsession ဖြစ်ကြောင်းနဲ့ အဲဒီသီချင်းက သူ့ကို ခွန်အားဖြစ်စေကြောင်း ပြောပြခဲ့ပါတယ်။
“ကျွန်တော်တို့ သီချင်း Obsession က ကျွန်တော့်ကို ခွန်အားဖြစ်စေပါတယ်။ အဖွဲ့ဝင်တွေရဲ့ စတိတ်ဖျော်ဖြေမှုကိုလည်း မြင်ရော သူတို့နဲ့အတူ ဖျော်ဖြေခွင့်ရချင်လိုက်တာဗျာ။ ဒါကြောင့် Obsession ကို အများဆုံးနားထောင်ပြီး တစ်နေ့မှာ အတူဖျော်ဖြေခွင့်အတွက် အကတွေလည်း လေ့ကျင့်ခဲ့ပါတယ်”လို့ Xiumin က ပြောဆိုခဲ့ပါတယ်။
Xiumin ဟာ EXO အဖွဲ့မှာ ပထမဆုံး စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့သူဖြစ်ပြီး ၂၀၂၁ အစောပိုင်းမှာ တခြား EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ D.O. စစ်မှုထမ်းတာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။
— ဃဲ
Source: V LIVE & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***