K pop

■ ကိုဗစ်ကာလ BTS အဖွဲ့ဝင်တွေရဲ့ နေထိုင်မှုဘဝ

— – – 24/7 လို့ ဆိုရလောက်အောင် ကျပ်တည်းတဲ့ Idol ဘဝဟာ ခုအချိန်မှာတော့ …

K-Pop Idol တွေရဲ့ လူနေမှုဘဝက သာမန်လူတွေ ကွာခြားပါတယ်။ အထူးသဖြင့် ကျော်ကြားတဲ့ Idol အဖွဲ့တွေရဲ့ အချိန်ဇယားဟာ အလွန်ကျပ်တည်းလွန်းပြီး ရုန်းကန်ရမှုတွေ များလာတဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်ပြီး တချို့ဆို စိတ်ရောဂါတွေတောင် ခံစားရတတ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုဗစ်ကာလဖြစ်လို့ Idol တွေဟာ ပုံမှန်အတိုင်း လှုပ်ရှားနိုင်ခြင်းမရှိဘဲ အခက်အခဲတွေနဲ့ ရုန်းကန်နေရပေမဲ့ တစ်ဖက်မှာလည်း ကံကောင်းမှုတွေ ရှိနေပါတယ်။ BTS အဖွဲ့ခေါင်းဆောင် RM ကတော့ အခုမှ ပုံမှန်ဘဝကို ပြန်ရတယ်လို့ ဆိုပါတယ်။

RM က “ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် အခု သာမန်နေထိုင်မှုဘဝကို ကျွန်တော် ရနေပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားတွေကို မကြာခဏ မသွားရတာကြောင့် နံနက်၊ နေ့လယ်၊ ညပိုင်း တစ်နေ့လုံး သာမန်ဘဝလေးကို ရနေပါတယ်။ မနက်မှာ လမ်းလျှောက်ထွက်မယ်။ အစားအသောက်စားမယ်။ ည အိပ်လုပ်ပြီး အိပ်မယ်။ ပန်းပင်လေးတွေကို ရေလောင်းမယ်။ လွန်ခဲ့တဲ့ (၆)နှစ် (၇)နှစ်က ဒီအခွင့်အရေးမျိုး မရခဲ့ပါဘူး။ အခုမှ ရတာပါ”လို့ ဆိုခဲ့ပါတယ်။

V ကလည်း “အခု မိသားစုတွေနဲ့ ပိုတွေ့ဖြစ်တယ်။ ပြီးတော့ Tannie လေးနဲ့ရော မကြာခဏ တွေ့ဖြစ်ပါတယ်”လို့ ပြောပြပါတယ်။

Jin ကတော့ “အခု ကျွန်တော်တို့ နေထိုင်တဲ့ ဘဝပုံစံက အားလပ်ရက်တွေမှာ နေထိုင်တဲ့ ပုံစံအတိုင်းပါပဲ”လို့ ပြောဆိုခဲ့တာပါ။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page