K pop

■ ဒါရိုက်တာ လုပ်ပြီးနောက် Jungkook နားလည်သွားတဲ့ အရာ

— – – Life Goes On ဖန်တီးရှင် Jungkook အတွက် အဲဒီ MV ဖန်တီးမှုက အမြတ်တစ်ခု ထွက်ခဲ့ …

BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jungkook ဟာ ကင်မရာတွေကို ချစ်မြတ်နိုးသူဖြစ်ပြီး BTS အဖွဲ့ရဲ့ Life Goes On MV ကို ကိုယ်တိုင် ဒါရိုက်တာလုပ်ကာ စိတ်တိုင်းကျ ရိုက်ကူးခဲ့တာ့ဖြစ်ပါတယ်။

အဲဒီ MV ရိုက်ကူးပြီးနောက်မှာတော့ Jungkook က MV ရိုက်ကူးတာဟာ သူ ရိုက်ကူးနေကျ အသွားစတိုင်ဗီဒီယိုတွေနဲ့ လွန်စွာကွဲပြားကြောင်းနဲ့ ကင်မရာတစ်ခုရဲ့ အရည်အသွေး ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို နားလည်ခဲ့တယ်လို့ ဆိုပါတယ်။

သူက “Life Goes On MV ရိုက်ကူးပြီးနောက်မှာတော့ ကင်မရာတစ်လုံးရဲ့ အရည်အသွေး ဘယ်လောက်အထိ ကောင်းဖို့ လိုတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းနားလည်သွားပါတယ်။ ဒါကြောင့် ပရိုဖက်ရှင်နယ်သမားတွေက အရည်အသွေးကောင်းတဲ့ ကင်မရာတွေကို အားကိုးတယ်။ တန်ဖိုးထားတယ်ဆိုတာကိုလည်း သိမြင်ခဲ့ရပါတယ်။

ကျွန်တော်အနေနဲ့ အနာဂတ်မှာ ခရီးသွားစတိုင် ဗီဒီယိုတွေ ရိုက်ကူးတဲ့အခါ အရည်အသွေး ကင်မရာတွေကို အသုံးပြုတော့မှာပါ။ ပြီးတော့ ဒါရိုက်တာ အလုပ်ဟာ ဘယ်လောက်ခက်တယ်။ ဘယ်လောက်အရေးပါတယ်ဆိုတာကို သိမြင်ခဲ့ရပြီး ဒါက ကျွန်တော့်အတွက် လုံးဝအတွေ့အကြုံသစ် ဖြစ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page