K pop

■ မွေးနာမည်ထက် စတိတ်အမည်နဲ့ ပိုလိုက်တဲ့ Idol (၅) ဦး

— – – သူတို့ရဲ့ စတိတ်အမည်က မွေးနာမည်ထက် ဘာကြောင့် ပိုလိုက်ဖက်သလဲဆိုရင်တော့ …

K-Pop Idol တွေဟာ သူတို့ရဲ့ နာမည်အရင်းနဲ့ ပွဲထွက်တာတွေ ရှိသလို၊ စတိတ်နာမည်ပြောင်းလဲပြီး ပွဲထွက်တဲ့သူတွေလည်း တော်တော်များများ ရှိပါတယ်။ ဒီ Idol (၅)ဦးကတော့ စတိတ်အမည်နဲ့ ပိုပြီးလိုက်ဖက်ပါသတဲ့။ ဘာကြောင့်လဲဆိုတာကို အောက်မှာ ရှင်းပါထားပါတယ်။

Chuu (LOONA)


Chuu ရဲ့ အမည်ရင်းက Kim Jiwoo ပါ။ ဒါပေမဲ့ Chuu ဆိုတဲ့ နာမည်လေးက ချစ်စရာကောင်းပြီး တကယ်လည်း ချစ်စရာကောင်းတဲ့ သူမရဲ့မျက်နှာနဲ့ လိုက်ဖက်လို့ Chuu အမည်က ပိုမိုက်တယ်လို့ ဆိုကြပါတယ်။

Arin (Oh My Girl)


Choi Yewon က အမည်ရင်းဖြစ်ပြီး လှတဲ့ နာမည်ပါပဲ။ ဒါပေမဲ့ Oh My Girl အဖွဲ့ရဲ့ အငယ်ဆုံးနဲ့ အလှဆုံးလေး Arin အတွက် စတိတ်နာမည်ကသာ ပိုလိုက်ဖက်တာပါ။

Cha Eunwoo (ASTRO)


Cha Eunwoo ရဲ့ အမည်ရင်းက Lee Dongmin ဖြစ်ပါတယ်။ ဒါပေမဲ့ သူရုပ်ရည်နဲ့ Cha Eunwoo ဆိုတဲ့ နာမည်လေးက ပိုလိုက်ဖက်တယ်လို့ Netizens တွေက ဆိုကြပါတယ်။

DK (SEVENTEEN)


Lee Sukmin က DK ရဲ့ အမည်ရင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအမည်ရင်းက သူ့နဲ့ လိုက်ဖက်ခြင်းမရှိဘဲ အခု စတိတ်အမည်ဖြစ်တဲ့ DK ကသာ ပိုလှတယ်လို့ ဆိုကြပါတယ်။

Rosé (BLACKPINK)


Rosé ရဲ့ကိုရီးယားအမည်က Park Chaeyoung ဖြစ်ပြီး နယူးဇီလန်မှာ မွေးဖွားခဲ့တာကြောင့် အင်္ဂလိပ်အမည်လည်း ရှိပါတယ်။ အင်္ဂလိပ်အမည်ကတော့ Roseanne Park ဖြစ်ပြီး အခု သူမရဲ့ elegant and noble image က Rosé ဆိုတဲ့ စတိတ်အမည်နဲ့ ပိုလိုက်ဖက်တယ်လို့ ဆိုကြပါတယ်။

— ဃဲ
Source: Insight & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page