K pop

■ BLACKPINK, TWICE နဲ့ Red Velvet တို့ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး Fan Theory

— – – ပရိသတ်တွေကတော့ သူတို့(၃)ဖွဲ့စလုံးမှာ မထင်မှတ်ဘဲ တူညီတာ တစ်ခုရှိတယ်လို့ ဆိုနေပြီး အဲဒါကြောင့် အောင်မြင်တာလို့ …

BLACKPINK, TWICE နဲ့ Red Velvet တို့ဟာ အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာဆိုရင် လက်ရှိမှာ အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး အဖွဲ့အဖြစ် ရပ်တည်နေပြီး သူတို့ရဲ့ အောင်မြင်မှုနဲ့ ပရိသတ် ချစ်ခင်အားပေးမှုတွေကလည်း တခြားအဖွဲ့တွေထက် ပိုများပါတယ်။

သူတို့ (၃)ဖွဲ့စလုံးဟာ ပရိသတ်တွေရဲ့ အကြိုက်တွေ့တဲ့ Hit သီချင်းတွေကို ထုတ်လုပ်နိုင်ခဲ့ပြီး သူတို့ရဲ့ killer concepts နဲ့ gorgeous visuals တွေကလည်း အတော်လေးကို ဖမ်းစားနိုင်တာပါ။

ဒါပေမဲ့ လူမှုကွန်ရက်တွေမှာ ပရိသတ်တွေက သူတို့အဖွဲ့တွေ အောင်မြင်ကျော်ကြားရခြင်းနောက်ကွယ်က သီအိုရီကို ရှာတွေ့ခဲ့ကြပြီး အဲဒါက “Sadness managers” ကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

ထူးဆန်းစွာပဲ BLACKPINK, TWICE နဲ့ Red Velvet အဖွဲ့တွေမှာ ဝမ်းနည်းနေတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး မန်နေဂျာတွေ ရှိနေတာဖြစ်ပြီး သူတို့ (၃)ဦးစလုံး တိုက်ဆိုင်စွာပဲ ရုပ်ချင်းကလည်း သွားဆင်နေတာပါ။

BLACKPINK, TWICE နဲ့ Red Velvet အဖွဲ့တွေဟာ သူတို့ရဲ့ ကြိုးစားမှု၊ သူတို့ရဲ့ ပါရမီ၊ သူတို့ရဲ့ စန်းတွေကြောင့် အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပေမဲ့

အခုလို “Sadness managers” ကြောင့် အောင်မြင်တယ်ဆိုတဲ့ Fan တွေရဲ့ သီအိုရီကတော့ ေ-ာက်ကျိုးနည်း သီအိုရီလို့ပဲ ဆိုရတော့မှာပါ။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page