K pop

■ BLACKPINK သီချင်းတွေထဲမှာ Jennie အတွက် Choreography အခက်ဆုံးသီချင်း

— – – အဲဒီသီချင်းအတွက် သူမအတွက် ဘာကြောင့်ခက်တယ်ဆိုတာကိုလည်း Jennie က ရှင်းပြထားပါတယ်။

သူတို့သီချင်း၊ သူတို့ရဲ့ ကကွက်တွေကြောင့် BLACKPINK ကို “girl crush” အဖွဲ့ သတ်မှတ်ကြပြီး သူတို့ဟာ ၂၀၁၆ သြဂုတ် (၈)ရက်မှာ ပွဲထွက်ခဲ့တဲ့ “WHISTLE”၊ “BOOMBAYAH” သီချင်းနှစ်ပုဒ်နဲ့တင် စံချိန်ပေါင်းများစွာကို တင်နိုင်ခဲ့ပါတယ်။(ဒီအကြောင်းကိုတော့ အလိုက်သင့်သလို ဖော်ပြသွားပါမယ်)

BLACKPINK ရဲ့ Online Boardcast တစ်ခုမှာ အဖွဲ့ရဲ့ Choreography အခက်ဆုံးသီချင်းကို ပရိသတ်တွေက မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို Jennie က “ကဖို့ အခက်ခဲဆုံးသီချင်းလား။ စတိတ်စင်ပေါ်မှာ Live ဖျော်ဖြေဖို့ အခက်ခဲဆုံးသီချင်းကို ရွေးပါဆိုရင်တော့ ကျွန်မအနေနဲ့ WHISTLE သီချင်းကို ရွေးချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတာနဲ့ ပတ်သက်ပြီးလည်း Jennie က “WHISTLE သီချင်းက အတွင်းအားကို အသုံးချရပါတယ်။ ကျွန်မတို့အနေနဲ့ အဲဒီသီချင်းကို ဆိုနေရင်းမှာပဲ အသက်ရှူဖို့လည်း ကြိုးစားရတယ်”လို့ ပြောဆိုခဲ့တာပါ။

— ဃဲ
Source: VLIVE & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page