K pop

■TWICE အဖွဲ့ဝင်တွေရဲ့ ရင်ကွဲစရာ ဝန်ခံချက် (၄)ခု

— – – အဖွဲ့ဝင် (၄)ဦးရဲ့ ကိုယ်စီ ဝန်ခံချက်တွေက သူတို့ချစ်တဲ့ပရိသတ်တွေကို မျက်ရည်လည်စေမှာ …

လူဘဝမှာ ပျော်စရာတွေချည်း ရှိတာမဟုတ်ပါဘူး။ ပျော်ရွှင်မှုရဲ့ ဆန့်ကျင်ဘက် ဝမ်းနည်းမှု၊ ရယ်သံတွေရဲ့ ဆန့်ကျင်ဘက် ငိုသံတွေက ကပ်ပါသလို၊ လူမရွေး နာကျင်မှုတွေကို မလွဲဧကန် ကြုံတွေ့ရပါတယ်။ TWICE အဖွဲ့ဝင်တွေရဲ့ ရင်ကွဲစရာ ဝန်ခံချက်တွေကတော့

Jeongyeon ပြောပြတဲ့ သူ့အဘွားအကြောင်း


TWICE အဖွဲ့နဲ့ ပွဲထွက်ပြီး Jeongyeon လုပ်ချင်တဲ့ အရာတစ်ခု ရှိခဲ့ပါတယ်။ Jeongyeon ဟာ အလယ်တန်း ဒုတိယနှစ်အထိ အဘွားဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့သူဖြစ်ပြီး အဘွားရှေ့မှာ ဖျော်ဖြေဖို့က သူမရဲ့ အိပ်မက်ပါ။ ဒါပေမဲ့ Jeongyeon ပွဲမထွက်ခင်မှာပဲ အဘွားဖြစ်သူ ကွယ်လွန်ခဲ့လို့ သူမရဲ့ ဆန္ဒမပြည့်ဝခဲ့ဘူးလို့ Jeongyeon က ဆိုပါတယ်။

စတိတ်ပေါ်မှာ Nayeon ဘာကြောင့် ငိုသလဲ


ဂျပန်က စတိတ်ဖျော်ဖြေမှုတစ်ခု Nayeon ငိုခဲ့ရပါတယ်။ “အဲဒီတုန်းက ကျွန်မရဲ့ in-ear monitor ပျက်သွားခဲ့ပါတယ်။ ဘာအသံမှာကို မကြားရတော့ပါဘူး။ ကျွန်မ အကြောက်ကြီး ကြောက်နေခဲ့ပြီး ဆက်လက်ဖျော်ဖြေခဲ့တာပါ။ အဲဒီတုန်းက ငါ လုပ်နိုင်ခဲ့ပြီဆိုပြီး မျက်ရည်ကျခဲ့ရပါတယ်”လို့ Nayeon က ဆိုပါတယ်။

Mina အတွက် Jihyo ရဲ့ အားပေးစကား


စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ၂၀၁၉ မှာ Mina အနားယူခဲ့ရပါတယ်။ သူ ပြန်လာဖို့အတွက် Jihyo က အားပေးခဲ့တယ်လို့ Mina က ဆိုပါတယ်။ “အဖွဲ့နဲ့ အတူ ပြန်လည်လှုပ်ရှားဖို့ ဆုံးဖြတ်ပြီးချိန်မှာ ကျွန်မအရမ်းကြောက်နေခဲ့တာပါ။ အဲဒီမှာ Jihyo က ငါတို့ အတူလုပ်ကြမယ်။ နင် လုပ်နိုင်တာကစပြီး ဖြည်းဖြည်းလုပ်ဆိုပြီး အားပေးခဲ့တာပါ။ သူ့ကြောင့် ကျွန်မ ပြန်လာနိုင်တာပါ”လို့ Mina က ဆိုပါတယ်။

သီချင်းဆိုဖို့ ကြောက်တဲ့ Momo


TWICE: Seize The Light အပိုင်းတစ်ပိုင်းမှာ Momo က သင်တန်းသူဘဝတုန်းက သီချင်းဆိုဖို့ အရမ်းကြောက်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။ သူမက “အဆိုသင်တန်းချိန်တွေ ကျွန်မ အရမ်းစိုးရိမ်သောကများခဲ့ပြီး ငိုခဲ့ရတာချည်းပါပဲ။ သင်တန်းထဲ မသွားချင်မှာတင် အဆိုသင်တန်းဆိုတာနဲ့တင် ကျွန်မ ကြောက်နေခဲ့တာပါ။ ကျွန်မ သီချင်းဆိုတာ အရမ်းညံ့တယ်လို့ ခံစားခဲ့ရတာပါ။ ဒါကြောင့် အဆိုသင်တန်းမှာ ကျွန်မ ငိုခဲ့ရတာ အများကြီးပါပဲ”လို့ ဆိုပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page