K pop

■ Nayeon ရဲ့ ခြေထောက်ဒဏ်ရာကို သိရင် ကျိုးကြေသွားမယ်

— – – Nayeon ရဲ့ ဒဏ်ရာဟာ ပုံမှန်အတိုင်း ရပ်ဖို့တောင် သူ့အတွက် ခက်ခဲပြီး ဒီဒဏ်ရာဟာ …

TWICE အဖွဲ့ဝင် Nayeon ဟာ သူမရဲ့ ဘယ်ဘက်ခြေထောက်ကြောင့် အခက်တွေ့လေ့ရှိတာကို သေချာဂရုစိုက်မိတဲ့ ONCEs တွေကတော့ သတိထားမိကောင်း၊ ထားမိတယ် ထင်ပါတယ်။

အဲဒီလို သတိထားမိတဲ့ ပရိသတ်တစ်ယောက်က Nayeon ကို ဘယ်ဘက်ခြေထောက် ဘာလို့ အားနည်းရသလဲ မေးမြန်းခဲ့ရာမှာတော့ Nayeon ရဲ့ အဖြေက သူ့ကိုချစ်တဲ့ ပရိသတ်တွေကို ရင်ကွဲစေခဲ့ပါတယ်။

Nayeon က “ဘယ်ဘက် ခြေထောက် အားနည်းတာ မဟုတ်ပါဘူး။ ကျွန်မ ငယ်ငယ်တုန်းက ပြင်းထန်တဲ့ ကားတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီတုန်းက ဘယ်ဘက်ခြေထောက် ထိသွားခဲ့တာကြောင့် အခုလို ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ကျွန်မကတော့ အခုအချိန်ထိ လမ်းလျှောက်နိုင်သေးတာပဲကို ကျေးဇူ:တင်တယ်”လို့ ဆိုခဲ့ပါတယ်။

Nayeon ဟာ ငယ်စဉ်က အဲဒီ ကားတိုက်မှုကြောင့် ဘယ်ဘက်ခြေထောက် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပြီး ဒီအတိုင်းဆိုရင် အဆင်ပြေတယ်လို့ ထင်ရပေမဲ့ အလိုက်မသင့်ရင် ပုံမှန်အတိုင်း ရပ်ဖို့ ခက်ခဲတာပါ။

အထူးသဖြင့် ဦးညွှတ်နှုတ်ဆက်တဲ့အခါမျိုးမှာ Nayeon ရဲ့ ဘယ်ဘက်ခြေထောက်က ပြဿနာပေါ်လေ့ရှိပြီး ဒူးက အလိုလိုနေရင်း ကွေးသွားတတ်တာကို သတိထားမိသူတွေ သိမယ် ထင်ပါတယ်။

— ဃဲ
Source: theqoo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page