K pop

■ Despacito ကို စံချိန်တစ်ခုကို ချိုးဖျက်ပြီး မှတ်တမ်းရေးခဲ့တဲ့ Ice Cream

— – – BLACKPINK & Selena Gomez ရဲ့ ‘Ice Cream’ က ကမ္ဘာကျော် Despacito ရဲ့ စံချိန်တစ်ခုဖြစ်တဲ့ …

၂၀၁၇ ဇန်နဝါရီ (၁၃)ရက်က ထုတ်ဝေခဲ့တဲ့ Luis Fonsi & Daddy Yankee တို့ရဲ့ ‘Despacito’ MV ဟာ You Tube သမိုင်းတစ်လျှောက် Views အများဆုံး (၇.၁ ဘီလီယံ)၊ Like အများဆုံး (၄၁ သန်း) နဲ့ စံချိန်တင်ထားတာပါ။

အဲဒီစံချိန်ကို ကျော်ဖို့ မပြောနဲ့။ အနားကပ်နိုင်တဲ့ MV တွေတောင် ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ BLACKPINK & Selena Gomez ရဲ့ ‘Ice Cream’ MV ကတော့ အဲဒီ Luis Fonsi & Daddy Yankee တို့ရဲ့ ‘Despacito’ MV ရဲ့ You Tube စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

Luis Fonsi & Daddy Yankee တို့ရဲ့ ‘Despacito’ MV ဟာ You Tube မှာ Like (၁၅)သန်း ရဖို့ (၇)လ အချိန်ယူခဲ့ရပြီး Collaboration လုပ်တဲ့ သီချင်းတွေထဲမှာ အဲဒီပမာဏကို အမြန်ဆုံးရရှိတဲ့ MV အဖြစ် စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။

အခု အဲဒီစံချိန်ကို BLACKPINK & Selena Gomez ရဲ့ ‘Ice Cream’ MV က ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ သြဂုတ်လ (၂၇)ရက်မှာ ထုတ်ဝေခဲ့တဲ့ ‘Ice Cream’ MV ဟာ(ဒီဇင်ဘာ ၁၄ ရက်) (၃)လကျော်အတွင်းမှာပဲ You Tube မှာ Like (၁၅)သန်းကျော်ခဲ့တာပါ။

ဒါကြောင့် BLACKPINK & Selena Gomez ရဲ့ ‘Ice Cream’ MV ဟာ ကမ္ဘာကျော် ‘Despacito’ MV ကို ကျော်ပြီး You Tube မှာ Like (၁၅)သန်း အမြန်ဆုံးရတဲ့ Collaboration MV အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

— ဃဲ
Ref: BA & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page