K pop

■ ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အနုပညာရှင်ဆိုတဲ့ စံချိန်တစ်ခုကို BLACKPINK ပိုင်ဆိုင်

— – – ဒီစံချိန်နဲ့ ဒီမှတ်တမ်းကို ပိုင်ဆိုင်တာ ကမ္ဘာပေါ်မှာ BLACKPINK အဖွဲ့ပဲ ရှိတာပါ။

၂၀၁၆ ခုနှစ်က စတင်ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ အောင်မြင်မှုတွေက (၄)နှစ်ကျော်ကာလအတွင်း ကြောက်ခမန်းလိလိဖြစ်ပြီး အခုလည်း You Tube သမိုင်းမှာ ဘယ်အနုပညာရှင်မှ မရဖူးသေးတဲ့ စံချိန်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

BLACKPINK အဖွဲ့နဲ့ Selena Gomez တို့ Collaborate လုပ်ထားတဲ့ ‘Ice Cream’ သီချင်းဟာ ၂၀၂၀ ဒီဇင်ဘာ (၁၄)ရက်မှာ Like (၁၇)သန်း ကျော်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် BLACKPINK အဖွဲ့ဟာ ‘Ice Cream’ MV အပါအဝင် You Tube မှာ Like (၁၇)သန်းကျော်တဲ့ MV (၄) ပုဒ်အထိ ရှိလာခဲ့ပါတယ်။

BLACKPINK အဖွဲ့ရဲ့ How You Like That၊ Kill This Love၊ DDU-DU DDU-DU နဲ့ ‘Ice Cream’ MV တွေဟာ You Tube မှာ Like (၁၇)သန်းကျော်တွေ ရရှိထားဖြစ်ပြီး

BLACKPINK အဖွဲ့ဟာ You Tube မှာ Like (၁၇)သန်းကျော်တဲ့ MV (၄) ပုဒ် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခုတည်းသော အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

— ဃဲ
Ref: BFV & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page