K pop

■ ကမ္ဘာ့ကြယ်ပွင့်အဖြစ်သို့ Lisa လျှောက်ခဲ့တဲ့ ခယောင်းလမ်း

— – – Global Star အဖြစ်သို့ Lisa လျှောက်ခဲ့တဲ့ လမ်းမှာ မျက်ရည်တွေ၊ ချွေးစက်တွေကအပြင် ခင်းခဲ့ရတာတွေက ….

BLACKPINK အဖွဲ့ဝင် Lisa ဟာ လက်ရှိမှာ များစွာသော ပရိသတ်တွေရဲ့ အချစ်တွေသိမ်းပိုက်ထားတဲ့ Global Star တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။ ဒါပေမဲ့ ဒီအထိ လျှောက်ခဲ့ရတဲ့ Lisa ရဲ့ လမ်းက ပင်ပန်းခက်ခဲလွန်းပါတယ်။

Lisa ဟာ BeBoss TV ဆိုတဲ့ YouTube channel တွေ့ဆုံရာမှာတော့ K-pop Idol အဖြစ် သူမ လျှောက်လှမ်းခဲ့တဲ့ အကြောင်းတွေကို ပြောပြခဲ့တာပါ။

“ကျွန်မ ငယ်ငယ်ကတည်းက အောင်မြင်တဲ့ K-pop Idol ဖြစ်ချင်ခဲ့တာပါ။ ကျွန်မ ထိုင်းမှာတုန်းက K-pop သီချင်းတွေကို နားထောင်လေ့ရှိပြီး K-pop အဆိုတော်တွေကိုလည်း အရမ်းသဘောကျပါတယ်။ ငယ်ငယ်တုန်းကဆိုရင် အမေကို ‘မေမေ သမီး သူတို့လို K-pop Idol ဖြစ်ချင်တယ်။ ကျွန်မ K-pop အနုပညာရှင် ဖြစ်ချင်တယ်’ ဆိုပြီး ပြောလေ့ရှိပါတယ်”လို့ Lisa က ဆိုပါတယ်။

Lisa ရဲ့ ငယ်စဉ်က အိပ်မက်တွေဟာ တစ်နေ့မှာတော့ အကောင်အထည်ပေါ်ဖို့ လမ်းစတွေ ပေါ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ YG Entertainment က Audition လာလုပ်ဖြစ်ပြီး အဲဒီပွဲမှာ Lisa က တစ်ဦးတည်းသော Audition ဖြစ်ခဲ့တာပါ။

Lisa က “ကျွန်မ YG ကို စရောက်တုန်းက ကိုရီးယား မပြောတတ်ပါဘူး။ တစ်လုံးမှကို မပြောတတ်ပါ။ နောက်တော့ မမ Jisoo နဲ့ တွေ့ပြီး သူက ကျွန်မကို ကူညီပေးပါတယ်။ မမ Jisoo နဲ့ တွေ့ပြီးနောက်မှာ ကျွန်မရဲ့ ကိုရီးယားစကားပြော တော်တော်လေး တိုးတက်လာခဲ့ပါတယ်”လို့ ဆိုပါတယ်။

Lisa ဟာ BLACKPINK အဖွဲ့ ပွဲထွက်ဖို့အတွက် (၅)နှစ်ကြာ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပြီး အဲဒီအချိန်တွေဟာ သူ့ရဲ့ဘဝတစ်လျှောက် အခက်ဆုံးအချိန်တွေ ဖြစ်ခဲ့တာပါ။

“ကျွန်မ သင်တန်းတက်ပြီး (၅)နှစ်အကြာမှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ သင်တန်းသူဘဝဟာ အရမ်းခက်ခဲတယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိပါတယ်။ ပြီးတော့ (၅)နှစ်ဆိုတဲ့ အချိန်က ကျွန်မအတွက် အရမ်းကို ကြာလွန်းပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ရတာပါပဲ။ ဒါပေမဲ့ ကျွန်မ အရှုံးမပေးခဲ့ပါဘူး”လို့ Lisa က ဆိုပါတယ်။

ဘာသာစကားမတူ၊ ယဉ်ကျေးမှုကွဲပြား အစားအသောက်က မတူတဲ့ နိုင်ငံမှာ Lisa ဟာ ရင်ထဲမှာ တောက်လောက်နေတဲ့ အိပ်မက်တစ်ခုကို ပိုက်ပြီး အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ခဲ့တာပါ။ မရေရာမှုတွေ၊ မသေချာမှုတွေနဲ့ ပြည့်နှက်နေသလို၊ အခက်အခဲတွေကို တစ်ခါတလေ မျက်ရည်နဲ့ ကျော်ဖြတ်ရင်း နောက်ဆုံးမှာတော့ Lisa ဟာ သူ့ရဲ့ အိပ်မက်ကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

— ဃဲ
Ref: BeBoss TV & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page