K pop

■ BLACKPINK အဖွဲ့အနေနဲ့ လာမဲ့နှစ် Grammy မှာ Nomination ဝင်နိုင်ကြောင်း ဂီတကျွမ်းကျင်သူများ သုံးသပ်

-UNICODE

– – -Grammy မှာ Nomination ဝင်ဖို့ BLACKPINK အဖွဲ့လုပ်ဆောင်ရမဲ့အရာတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး…..

BLACKPINK ဟာ ဒီဘက်နှစ်နောက်ပိုင်း အံ့အားသင့်ဖွယ် အောင်မြင်မှုတွေကို ရယူနိုင်နေတာပဲ ဖြစ်ပါတယ်။

BLACKPINK ဟာ Billboard Hot 100 ကို ပထမဆုံး ဝင်ရောက်နိုင်ခဲ့တဲ့ K-pop အမျိုးသမီးအဖွဲ့အဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် BLACKPINK အဖွဲ့ရဲ့ နောက်ထပ်ခြေလှမ်းက Grammy ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။

IZM က ဂီတဝေဖန်ရေးသမား Jung Mi က တော့ BLACKPINK အနေနဲ့ လာမဲ့နှစ် Grammy မှာ Nomination ဝင်နိုင်ကြောင်း၊ အဲဒီလိုဝင်ဖို့ဆိုရင် Billboard Hot 100 chart မှာ ပိုမိုအောင်မြင်အောင် လုပ်ဆောင်ရမယ်လို့ သုံးသပ်ခဲ့ပါတယ်။

BLACKPINK ရဲ့ Ice Cream က Billboard Hot 100 က နံပါတ် (၁၃) နေရာအထိ ချိတ်ခဲ့ပေမဲ့ ဒုတိအပတ်မှာပဲ (၃၆) နေရာအထိ ပြန်လည်ကျဆင်းသွားကြောင်း၊ BLACKPINK ရဲ့ နောက်သီချင်းတစ်ပုဒ်က Billboard Hot 100 chart ထိပ်ပိုင်းမှာ အချိန်တော်တော်ကြာ ရပ်တည်နိုင်ရင် Grammy ရဲ့ Best Pop Duo/Group Performance ဆုအတွက် ဆန်ခါတင်စာရင်း ဝင်နိုင်တဲ့ အလားအလာပိုများကြောင်း Jung Mi က ဆိုခဲ့ပါတယ်။

Billboard K-Pop သတင်းသမား Jeff Benjamin ကလည်း BLACKPINK ဟာ US မီဒီယာတွေနဲ့ ပိုမိုချိတ်ဆက်ပြီး အင်တာဗျူးတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း၊ ဒါမှ Recording Academy ရဲ့ အာရုံစိုက်မှုကို ပိုမိုရယူနိုင်မှာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

ဒါကြောင့် BLACKPINK အဖွဲ့အနေနဲ့ လာမဲ့နှစ် Grammy မှာ Nomination ဝင်နိုင်မလားဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ BLACKPINK အဖြဲ႕အေနနဲ႔ လာမဲ့ႏွစ္ Grammy မွာ Nomination ၀င္ႏိုင္ေၾကာင္း ဂီတကၽြမ္းက်င္သူမ်ား သံုးသပ္

– – -Grammy မွာ Nomination ဝင္ဖို႔ BLACKPINK အဖြဲ႕လုပ္ေဆာင္ရမဲ့အရာေတြကိုလည္း ေဆြးေႏြးခဲ့ၾကၿပီး…..

BLACKPINK ဟာ ဒီဘက္ႏွစ္ေနာက္ပိုင္း အံ့အားသင့္ဖြယ္ ေအာင္ျမင္မႈေတြကို ရယူႏိုင္ေနတာပဲ ျဖစ္ပါတယ္။

BLACKPINK ဟာ Billboard Hot 100 ကို ပထမဆုံး ဝင္ေရာက္ႏိုင္ခဲ့တဲ့ K-pop အမ်ိဳးသမီးအဖြဲ႕အျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။ ဒါေၾကာင့္ BLACKPINK အဖြဲ႕ရဲ႕ ေနာက္ထပ္ေျခလွမ္းက Grammy ျဖစ္လာႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းလွပါတယ္။

IZM က ဂီတေဝဖန္ေရးသမား Jung Mi က ေတာ့ BLACKPINK အေနနဲ႔ လာမဲ့ႏွစ္ Grammy မွာ Nomination ဝင္ႏိုင္ေၾကာင္း၊ အဲဒီလိုဝင္ဖို႔ဆိုရင္ Billboard Hot 100 chart မွာ ပိုမိုေအာင္ျမင္ေအာင္ လုပ္ေဆာင္ရမယ္လို႔ သုံးသပ္ခဲ့ပါတယ္။

BLACKPINK ရဲ႕ Ice Cream က Billboard Hot 100 က နံပါတ္ (၁၃) ေနရာအထိ ခ်ိတ္ခဲ့ေပမဲ့ ဒုတိအပတ္မွာပဲ (၃၆) ေနရာအထိ ျပန္လည္က်ဆင္းသြားေၾကာင္း၊ BLACKPINK ရဲ႕ ေနာက္သီခ်င္းတစ္ပုဒ္က Billboard Hot 100 chart ထိပ္ပိုင္းမွာ အခ်ိန္ေတာ္ေတာ္ၾကာ ရပ္တည္ႏိုင္ရင္ Grammy ရဲ႕ Best Pop Duo/Group Performance ဆုအတြက္ ဆန္ခါတင္စာရင္း ဝင္ႏိုင္တဲ့ အလားအလာပိုမ်ားေၾကာင္း Jung Mi က ဆိုခဲ့ပါတယ္။

Billboard K-Pop သတင္းသမား Jeff Benjamin ကလည္း BLACKPINK ဟာ US မီဒီယာေတြနဲ႔ ပိုမိုခ်ိတ္ဆက္ၿပီး အင္တာဗ်ဴးေတြ ျပဳလုပ္ဖို႔ လိုအပ္ေၾကာင္း၊ ဒါမွ Recording Academy ရဲ႕ အာ႐ုံစိုက္မႈကို ပိုမိုရယူႏိုင္မွာျဖစ္ေၾကာင္း သုံးသပ္ခဲ့ပါတယ္။

ဒါေၾကာင့္ BLACKPINK အဖြဲ႕အေနနဲ႔ လာမဲ့ႏွစ္ Grammy မွာ Nomination ဝင္ႏိုင္မလားဆိုတာ စိတ္ဝင္စားစြာနဲ႔ ေစာင့္ၾကည့္ရမွာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page