K pop

■ ARMY တွေသာမက BTS အဖွဲ့ဝင်တွေကိုပါ စိတ်လှုပ်ရှားစေခဲ့တဲ့ V ရဲ့ ဖွင့်ဟချက်

– — ကိုရိုနာဗိုင်းရပ်စ်သာ ပြီးဆုံးသွားရင် လုပ်ချင်တဲ့အရာကို V ဖွင့်ဟခဲ့ရာမှာတော…..

BTS ဟာ တလောက Genius နဲ့ အင်တာဗျူးမှာ Life Goes On သီချင်းထဲက စာသားတွေရဲ့အဓိပ္ပာယ်တွေအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

အင်တာဗျူးကနေတစ်ဆင့် BTS အဖွဲ့ဝင်တွေဟာ သီချင်းအပိုဒ်တွေကို ဆိုပြခဲ့ပြီ စာသားအဓိပ္ပာယ်ကို ရှင်းပြခဲ့တာပါ။ အင်တာဗျူးပြီးနောက် BTS အဖွဲ့ဝင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်သာ ပြီးဆုံးသွားခဲ့ရင် သူတို့လုပ်ချင်တဲ့အရာတွေကို ဖွင့်ဟခဲ့ပါတယ်။

J-Hope က သူ့အနေနဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံး တွေ့ဆုံချင်ကြောင်း၊ အားလုံး ကျန်းမာရေးကောင်းကောင်းမွန်မွန် ရှိနေချင်တာဟာ သူအလိုချင်ဆုံးအရာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ Jungkook နဲ့ RM တို့ကတော့ Grammy အကြောင်းကို ပြောဆိုခဲ့ပါတယ်။

အဲဒီမှာ V ရဲ့ ဖွင့်ဟချက်ကတော့ အားလုံးအတွက် ရင်ခုန်စရာဖြစ်ခဲ့ရပါတယ်။ V က သူ့အနေနဲ့ mixtape ထွက်ချင်တာလို့ ဆိုခဲ့တာပါ။ “ကျွန်တော့်ရဲ့ mixtape မကြာခင်ထွက်လာဖို့ မျှော်လင့်ပါတယ်”လို့ V က ဖွင့်ဟခဲ့ပါတယ်။

V ရဲ့ ဖွင့်ဟစကားက BTS အဖွဲ့ဝင်တွေကိုပါ စိတ်လှုပ်ရှားစေခဲ့ပြီး အဖွဲ့ခေါင်းဆောင် RM က “V ရေ..ငါလည်း ထွက်လာစေချင်ပါပြီ”လို့ ဆိုခဲ့ပါတယ်။ အဲဒီနောက် ARMY တွေက ရင်ခုန်စိတ်လှုပ်ရှားခဲ့ပြီး V ရဲ့ မွေးနေ့မှာ ထွက်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

You cannot copy content of this page