K pop

■ ပရိသတ်တွေကြားထဲမှာ အကျော်ကြားဆုံး Second Lead Role စုံတွဲများ

– – – ဒီ ဇာတ်လမ်းတွဲတွေထဲက ဒုတိယ ခေါင်းဆောင် မင်းသား၊ မင်းသမီးအတွဲတွေက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားခဲ့တာပါ။

ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ခေါင်းဆောင်းမင်းသား၊ မင်းသမီးတွေကပဲ ပရိသတ် အာရုံကို ဖမ်းစားနိုင်တာမဟုတ်ဘဲ ဒုတိယခေါင်းဆောင် မင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်နှလုံးသားထဲမှာ နေရာယူနိုင်ကြစမြဲပါပဲ။

ဒါကို အောင်မြင်ကျော်ကြားတဲ့ဇာတ်လမ်းတွဲတော်တောများများမှာဆိုရင် ပိုသိသာပါတယ်။ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတွေက ဒုတိယခေါင်းဆောင် မင်းသား၊ မင်းသမီးတွေအဖြစ် ပါဝင်ခဲ့သူတွေဟာ နောက်ဇာတ်လမ်းတွဲတွေမှာ အဓိကသရုပ်ဆောင်တွေအဖြစ် ရိုက်ကူးရလေ့ရှိပါတယ်။ ပရိသတ်တွေကိုယ်တိုင်ကလည်း သူတို့ကို ပထမနေရာမှာ တင်ရိုက်ဖို့ တောင်းဆိုလေ့ရှိပါတယ်။

ဒုတိယခေါင်းဆောင် မင်းသား၊ မင်းသမီးတွေရဲ့ လိုက်ဖက်မှုက တမူထူးခြားပြီး ပထမသရုပ်ဆောင်တွေနဲ့အပြိုင် ပရိသတ် အာရုံကို ဖမ်းစားနိုင်စမြဲပါပဲ။ ဒါကြောင့် အခုအခါမှာတော့ အဲဒီလိုမျိုး ပရိသတ်တွေကြားထဲမှာ အကျော်ကြားဆုံးဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက ဒုတိယ ခေါင်းဆောင်းမင်းသား၊ မင်းသမီးအတွဲအဖက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Jin Goo – Kim Ji Won

Ahn Jae Hyun – Lee Da Hee

Kim Young Dae – Lee Na Eun

P.O – Kang Mina

Lee Dong Wook – Yoo In Na

Kim Jung Hyun – Seo Ji Hye

Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page