K pop

■ Elle မဂ္ဂဇင်းပေါ်မှာ New Year’s Angel ဖြစ်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင်

— BLINK တွေရဲ့ မကြီးစိုးဟာ Elle မဂ္ဂဇင်းပေါ်မှာ နှစ်သစ်ရဲ့ နတ်သမီးလေးဖြစ်ခဲ့သူပါ…

BLACKPINK အဖွဲ့ဝင် Jisoo ဟာ 2021 ခုနှစ် နှစ်သစ်အတွက် Elle မဂ္ဂဇင်းပေါ်မှာ Cover Model ဖြစ်ခဲ့ပါတယ်။ New Year’s Eve party style နဲ့ Rock ချင်တိုင်း Rock နေတဲ့ Jisoo ရဲ့ အလှကတော့ တမူထူးခြားနေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Jisoo ဟာ Elle မဂ္ဂဇင်းနဲ့ အင်တာဗျူးလည်းပြုလုပ်ခဲ့ပြီး Artist တစ်ဦးရဲ့ ဖက်ရှင်နဲ့ စတိုင် ပါဝါကိုလည်း ပြောခဲ့သလို စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အမြဲတမ်းဆန္ဒရှိပါတယ်လို့လည်း ပြောခဲ့ ပါတယ်။

“ သီချင်းတစ်ပုဒ်ဟာ အားလုံးအကောင်းဆုံးလုပ်ခဲ့ကြတဲ့ Choreography ၊ Makeup ၊ Hair နဲ့ Styling တွေကြောင့် ပိုပြီး ကောင်းမွန်တဲ့ သီချင်းတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း အဖွဲ့ဝင်အားလုံး ချင်းစီရဲ့ Charm ဟာ ပိုပြီး တောက်ပလာတာပါ” – Jisoo

Netflix documentary BLACKPINK: Light Up the Sky နဲ့ ပတ်သက်ပြီးတော့လည်း Jisoo က “ ကျွန်မတို့ Debut လုပ်ပြီး (4)နှစ်ကြာခဲ့သလို Trainee နေ့တွေပါ ထပ်ပေါင်းရင် အလုပ်အတူတူလုပ်ခဲ့ ကြတာ (10)နှစ်လောက်ရှိပါပြီ။ ထွက်ခဲ့တဲ့ Documentary ဟာ ကျွန်မတို့ရဲ့ အိပ်မက်တွေကို ဘယ်လို လျှောက်လှမ်းခဲ့လဲဆိုတာကို ပြန်ကြည့်နိုင်ခဲ့တဲ့ အခွင့်အရေးတစ်ခုဖြစ်သလို ကျွန်မလို့ ဘယ်လို လျှောက်လှမ်းလာခဲ့သလဲဆိုတာကို ပြန်မြင်ရတဲ့မြင်ကွင်းတစ်ခုလည်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ထပ်ပြီး Jisoo က “ ကျွန်မတို့ရဲ့ ရည်မှန်းချက်နဲ့ပတ်သက်ပြီး အမြဲတမ်း ပန်းခင်းလမ်းတော့ဖြစ်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိန်ခေါ်မှုအသစ်တိုင်းမှာ ကျွန်မတို့ရဲ့ ရည်မှန်းချက်နဲ့ပတ်သက်ပြီး နီးစပ်တဲ့အမှန် တရားတော့ရှိပါတယ်။ အဲဒီကို အရောက်သွားဖို့ ကြောက်နေမှာမဟုတ်ပါဘူး” လို့လည်း ပြောခဲ့ပါ တယ်။

-m2t
Ref: Koreaboo

You cannot copy content of this page