—- တောင်ကိုရီးယားနိုင်ငံမှာ Naver ပလက်ဖောင်းဟာ Google လိုပါပဲ။ တောင်ကိုရီးယားပြည်သူ တွေဟာ အင်တာနက်နဲ့ပတ်သက်ပြီး ဘာပဲလုပ်လုပ် Naver ကိုပဲ အသုံးပြုကြတာပါ။
2020 ခုနှစ် Naver မှာ ရှာဖွေမှုအများဆုံးနဲ့ ပြည်သူတွေစိတ်ဝင်စားမှုအများဆုံး Public Figures တွေ က ဘယ်သူတွေလို့ထင်ပါသလဲ….
5) Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို လူတိုင်းသိတယ်မဟုတ်လား။ ဧပြီလတုန်းက Kim Jong Un ဟာ နှလုံးရောဂါကြောင့် သေဆုံးသွားတယ်လို့ သတင်းအမှားတွေပျံ့နှံ့ခဲ့ပြီး တောင်ကိုရီး ယားနိုင်ငံ Naver မှာ လူတိုင်းရှာဖွေတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
4) Park Won Soon
Park Won Soon ဟာ ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်ဟောင်းတစ်ဦးဖြစ်သလို တာဝန်ထမ်းဆောင်တဲ့ သက်တမ်းအကြာဆုံး မြို့တော်ဝန်တစ်ဦးလည်းဖြစ်ပါတယ်။ ဇူလိုင်လမှာ သူ့ရဲ့ အတွင်းရေးမတစ်ဦး က Park Won Soon ဟာ သူမကို (4)နှစ်အတွင်း -ိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေရှိတယ်လို့ စွပ်စွဲခဲ့ ပါတယ်။ စွပ်စွဲခံရပြီး နောက်နေ့မှာ Park Won Soon ဟာ ပျောက်သွားခဲ့သလို Bugak တောင်မှာ သေဆုံးတဲ့အလောင်းကို တွေ့ခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကို သက်သေခဲ့တယ်လို့ သတ်မှတ်ခဲ့ကြပါ တယ်။
3) Kim Ho Joong
နာမည်ကျော် Trot Singer တစ်ဦးဖြစ်တဲ့ Kim Ho Joong ဟာ 2020 ခုနှစ် Naver မှာ ရှာဖွေမှုအများ ဆုံး တတိယပုဂ္ဂိုလ်ဖြစ်ခဲ့သူပါ။ သူဟာ သြဂုတ်လမှာ တရားမဝင်လောင်းကစားပြုလုပ်တယ်လို့ ဝန်ခံခဲ့ သလို ဝန်ခံပြီး တစ်ပါတ်ကြားပြီးနောက် စစ်မှုတာဝန်ထမ်းဆောင်ပြီးလို့ ကြေညာခဲ့ပါတယ်။
2) BTS
BTS ကတော့ Naver မှာ ရှာဖွေမှုနဲ့ စိတ်ဝင်စားမှုအများဆုံး Public Figure နံပါတ် (2)ဖြစ်ခဲ့တာပါ။ 2020 ခုနှစ်မှာ Map of the Soul: 7 နဲ့ BE Album ၊ Song English-language Single Track “Dynamite” တို့ကို ထုတ်ဝေခဲ့သလို သမိုင်းအသစ်သစ်တွေကို စိုက်ထူ၊ အောင်မြင်မှုတွေရခဲ့တာ ပရိသတ်တွေ အားလုံးသိပါတယ်။ ဒါကြောင့် BTS ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်မှာ ရှာဖွေမှုအများဆုံး ပုဂ္ဂိုလ်တွေဖြစ်တာ အံ့အားသင့်စရာတော့မဟုတ်ပါဘူး။
1) Lim Young Woong
ကမ္ဘာကျော် BTS ကိုတောင်ကျော်ပြီး 2020 ခုနှစ် TV Chosun music ပြိုင်ပွဲ Mr. Trot မှာ Winner ဖြစ်ခဲ့တဲ့ Lim Young Woong ဟာ Naver မှာ ရှာဖွေမှုအများဆုံးဖြစ်ခဲ့တာပါ။ Mr. Trot Winner ဖြစ်ခဲ့ ပြီးကတည်းက Lim Young Woong ဟာ ဆုတံဆိပ်တွေ အမြောက်အများရခဲ့သလို များစွာသော တီဗီ ပရိုဂရမ်တွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။
-m2t
Ref: Koreaboo