— မင်းသား Jung Il Woo ဟာ သူ့မှာ ဘယ်လောက်ထိပိုင်ဆိုင်ထားတဲ့ ဖိနပ်တွေရှိသလဲဆိုတာကို ထုတ်ဖော်ပြသပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့…
မင်းသားချော Jung Il Woo ဟာ ဒီဇင်ဘာလ 11 ရက်နေ့က သူ့ရဲ့ YouTube Channel မှာ ဗီဒီယို တစ်ခုတင်ခဲ့ပြီး ခေါင်းစဉ်က “ Il Woo မှာ အခြားသူတွေလို ခြေထောက်က အတူတူပါပဲ။ ဒါပေမဲ့ ဖိနပ် ကတော့ 335 စုံရှိတယ်” လို့ဖြစ်ပါတယ်။
ဗီဒီယိုအစမှာ Jung Il Woo က “ ကျွန်တော်ဟာ ဖိနပ်တွေစုဆောင်းရတာကို ဝါသနာပါတဲ့သူဖြစ်ပါ တယ်” လို့ ပြောခဲ့သလို ထပ်ပြီးတော့ “ လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့အိပ်ဟာ ထပ်မံပြင်ဆင်မွမ်းမံနေ ပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ ဖိနပ်တွေ ဘယ်လောက်ပိုင်ဆိုင်သလဲဆိုတာကို ပြသဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
နောက်တော့ ဗီဒီယိုထဲမှာ Jung Il Woo ဟာ ဝယ်ထားတဲ့ မဖွင့်ရသေးတဲ့ ဖိနပ် Box တွေ အများအ ပြားကိုလည်း ပြသခဲ့ပါတယ်။ စတူဒီယိုထဲမှာ ကာလာရောင်စုံနဲ့ ဖိနပ်အမျိုးအစား အများအပြားပြည့် နှက်နေခဲ့တာဖြစ်ပါတယ်။
“ ကျွန်တော့်မှာ ဖိနပ်အစုံ 300 ကျော်ရှိပါတယ်။ ဝိုး…ဒါတောင် မကြာသေးခင်က ပရဟိတအဖွဲ့အ စည်းတစ်ခုထံ ဖိနပ်အစုံ 100 ခန့် လှူဒါန်းလိုက်ပါသေးတယ်။ ထပ်ပြီးတော့ ဒီနေ့တွေမှာ ကျွန်တော် ဟာ မစီးတော့တဲ့ ဖိနပ်တွေကို ထပ်မံလှူဒါန်းဦးမှာပါ” လို့ Jung Il Woo က ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar