K pop

■ GRAMMY မှာ Nominated ဝင်တော့ BTS အဖွဲ့ဝင်တွေ ဒီလိုပျော်ခဲ့ကြတာပါ

-UNICODE

– – -BTS အဖွဲ့ဝင်တွေ GRAMMY မှာ Nominated ရတာနဲ့ ပတ်သက်ပြီး ဘယ်လိုအောင်ပွဲခံသလဲဆိုတော့….

BTS အဖွဲ့ဟာ နောက်ပိုင်းနှစ်ကာလအပိုင်းအခြားမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို ဆက်တိုက်ရယူနေတာ ဖြစ်ပါတယ်။

ဒီကာလအတွင်း BTS ရဲ့ အကြီးမားဆံးုအောင်မြင်မှုကို ပြပါဆိုရင် GRAMMY မှာ Nominated စာရင်းဝင်တာကိုပဲ လက်ညွှန်းထိုးရမှာပါ။ BTS ဟာ နိုဝင်ဘာ (၂၄) ရက်နေ့မှာ Dynamite သီချင်းနဲ့ Best Pop Duo/Group Performance ဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့တာပါ။

အဲဒီအချိန်တုန်းက BTS ရဲ့ တရားဝင် Twiitter စာမျက်နှာကနေတစ်ဆင့် RM, Jimin, V နဲ့ Jungkook တို့အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖိုင်အတိုအထွာလေးတစ်ခုကို တင်ခဲ့ပါသေးတယ်။ ဒီဇင်ဘာ (၁၅) ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ BangtanTV မှာတော့ အဲဒီဗီဒီယိုနောက်ကွယ်ကပုံရိပ်တွေကို ပြသခဲ့ပါတယ်။

BTS အဖွဲ့ဝင်တွေဟာ GRAMMY Nominated ကြေညာမှုကို တိုက်ရိုက်စောင့်ကြည့်နေခဲ့တာပါ။ သူတို့ဟာ စကားလေးတပြောပြော၊ ရင်တခုန်ခုန်နဲ့ စောင့်ကြည့်ခဲ့တာဖြစ်ပြီး အဆာပြေမုန့်တွေတောင် စားသောက်ခဲ့ပါသေးတယ်။

အဲဒီနောက် BTS လို့ကြေညာလိုက်ချိန်မှာတော့ RM, Jungkook နဲ့ Jimin တို့က ဝမ်းသာအားရ အော်ဟစ်မြူးတူးခဲ့ပြီး ပျော်ရွှင်ခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက် V ကလည်း ဗီဒီယိုရိုက်ကူးရင်း မိသားစုဝင်တွေကို ဖုန်းဆက်ကာ လှမ်းအကြောင်းကြားခဲ့ပါတယ်။

ဒီပုံရိပ်တွေက ARMY တွေဆီကိုလည်း အပျော်တွေ ကူးစက်စေခဲ့တာတွေ့ရပြီး တကယ့်ကို ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေး ဖြစ်ခဲ့တာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ GRAMMY မွာ Nominated ၀င္ေတာ့ BTS အဖြဲ႕၀င္ေတြ ဒီလိုေပ်ာ္ခဲ့ၾကတာပါ

– – -BTS အဖြဲ႕ဝင္ေတြ GRAMMY မွာ Nominated ရတာနဲ႔ ပတ္သက္ၿပီး ဘယ္လိုေအာင္ပြဲခံသလဲဆိုေတာ့….

BTS အဖြဲ႕ဟာ ေနာက္ပိုင္းႏွစ္ကာလအပိုင္းအျခားမွာ အလြန္အံ့အားသင့္ဖြယ္ေကာင္းတဲ့ ေအာင္ျမင္မႈေတြကို ဆက္တိုက္ရယူေနတာ ျဖစ္ပါတယ္။

ဒီကာလအတြင္း BTS ရဲ႕ အႀကီးမားဆံးုေအာင္ျမင္မႈကို ျပပါဆိုရင္ GRAMMY မွာ Nominated စာရင္းဝင္တာကိုပဲ လက္ၫႊန္းထိုးရမွာပါ။ BTS ဟာ ႏိုဝင္ဘာ (၂၄) ရက္ေန႔မွာ Dynamite သီခ်င္းနဲ႔ Best Pop Duo/Group Performance ဆုအတြက္ ဆန္ခါတင္စာရင္း ဝင္ခဲ့တာပါ။

အဲဒီအခ်ိန္တုန္းက BTS ရဲ႕ တရားဝင္ Twiitter စာမ်က္ႏွာကေနတစ္ဆင့္ RM, Jimin, V နဲ႔ Jungkook တို႔ေအာင္ပြဲခံခဲ့တဲ့ ဗီဒီယိုဖိုင္အတိုအထြာေလးတစ္ခုကို တင္ခဲ့ပါေသးတယ္။ ဒီဇင္ဘာ (၁၅) ရက္ေန႔မွာ ထုတ္လႊင့္ခဲ့တဲ့ BangtanTV မွာေတာ့ အဲဒီဗီဒီယိုေနာက္ကြယ္ကပုံရိပ္ေတြကို ျပသခဲ့ပါတယ္။

BTS အဖြဲ႕ဝင္ေတြဟာ GRAMMY Nominated ေၾကညာမႈကို တိုက္႐ိုက္ေစာင့္ၾကည့္ေနခဲ့တာပါ။ သူတို႔ဟာ စကားေလးတေျပာေျပာ၊ ရင္တခုန္ခုန္နဲ႔ ေစာင့္ၾကည့္ခဲ့တာျဖစ္ၿပီး အဆာေျပမုန႔္ေတြေတာင္ စားေသာက္ခဲ့ပါေသးတယ္။

အဲဒီေနာက္ BTS လို႔ေၾကညာလိုက္ခ်ိန္မွာေတာ့ RM, Jungkook နဲ႔ Jimin တို႔က ဝမ္းသာအားရ ေအာ္ဟစ္ျမဴးတူးခဲ့ၿပီး ေပ်ာ္႐ႊင္ခဲ့ၾကတာကို ေတြ႕ရပါတယ္။ အဲဒီေနာက္ V ကလည္း ဗီဒီယို႐ိုက္ကူးရင္း မိသားစုဝင္ေတြကို ဖုန္းဆက္ကာ လွမ္းအေၾကာင္းၾကားခဲ့ပါတယ္။

ဒီပုံရိပ္ေတြက ARMY ေတြဆီကိုလည္း အေပ်ာ္ေတြ ကူးစက္ေစခဲ့တာေတြ႕ရၿပီး တကယ့္ကို ၾကည္ႏူးစရာေကာင္းတဲ့ အခိုက္အတန႔္ေလး ျဖစ္ခဲ့တာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page