K pop

■ထိုင်းမင်းသားတစ်ဦးရဲ့ လုပ်ရပ်ကြောင့် ထိုင်းနိုင်ငံမှာ နံပါတစ် Trend ဖြစ်သွားခဲ့ပြန်တဲ့ Lisa

-UNICODE

– – -ဒီမင်းသားဟာ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ အမာခံပရိသတ်ဖြစ်ပြီး…..

ထိုင်းမင်းသားနဲ့ အဆိုတော် Great Sapol Assawamunkong ဟာ Boyfriends ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး The Destiny of Love , Inhuman Kiss, Manner of Death တိုနဲ့ လူသိများခဲ့သူပါ။

သူဟာ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ အမာခံပရိသတ်ဖြစ်သလို Lisa ရဲ့ Fan Sign Event တွေကိုလည်း သွားရောက်ခဲ့သူ ဖြစ်ပါတယ်။ သိပ်မကြာသေးခင် အချိန်တုန်းက ထိုင်းမင်းသားရဲ့လုပ်ရပ်တစ်ခုက Lisa ကို ထိုင်းနိုင်ငံ Twitter မှာ Trend ဖြစ်သွားစေခဲ့ပါတယ်။

ဒါကတော့ ထိုင်းမင်းသားဟာ“I LISA YOU” စာတန်းပါ ဆွယ်တာကို ဝတ်ဆင်ပြီး Instagram မှာ Selfie ဆွဲထားတဲ့ဓာတ်ပုံကို တင်ခဲ့ပါတယ်။ I LISA YOU စာတန်းက ထိုင်းနိုင်ငံမှာ နံပါတ်တစ် Trend ဖြစ်သွားခဲ့ပြီး တခြားနိုင်ငံတွေမှာပါ ရေပန်းစားခဲ့ပါတယ်။

တခြားမင်းသားတွေနဲ့ သူနဲ့ Boyfriends အဖွဲ့ဝင်တွေကလည်း သူ့ရဲ့လှုပ်ရှားမှုထဲ ပါဝင်လာတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်အတွက် ပရိသတ်တွေကတော့ ကျေနပ်ခဲ့ကြပြီး Bousnid Awards မှာ Lisa အတွက် မဲရဖို့ အခွင့်အရေးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Lisa ကတော့ ထိုင်းနိုင်ငံမှာဆိုရင် အကျော်ကြားဆုံးလို့တောင် ပြောရမှာဖြစ်ပြီး ပရိသတ်အင်အားထုက ကြောက်မမန်းလိလိ ရှိနေတာ တွေ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI








Ref: Koreaboo


You cannot copy content of this page