K pop

■ တစ်ရက်တည်းမှာပဲ Dating ကောလာဟလနှစ်ခုအထိ ထွက်ခဲ့တဲ့ SM Entertainment ရဲ့ ဝါရင့် Idol

-UNICODE

– – -သူဟာ နာရီပိုင်းအတွင်းမှာပဲ မတူညီတဲ့ပုံစံနှစ်မျိုးနဲ့ Dating ကောလာဟလ နှစ်ခု ထွက်ခဲ့တာဖြစ်ပြီး…….

SM Entertainment ရဲ့ H.O.T အဖွဲ့ဝင်ဟောင်း Kangta က ထူးထူးခြားခြား တစ်ရက်တည်းမှာပဲ Dating သတင်းနှစ်ခု ထွက်ပေါ်ခဲ့ပါတယ်။

သတင်းဌာနတစ်ခုက သူနဲ့ မင်းသမီး Jung Yoo Mi တို့ တွဲနေကြောင်း ဖော်ပြပေးခဲ့ပေမဲ့ တစ်ရက်တည်းမှာပဲ သူ့ရဲ့ရည်းစားဟောင်းက သူမတို့နှစ်ယောက် ပြန်တွဲနေပြီလို့ ဆိုခဲ့တာပါ။ ပထမဆုံး Kangta နဲ့ မင်းသမီး Jung Yoo Mi တို့ဟာ တွဲနေတာ (၂) နှစ်လောက်ရှိပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နာရီပိုင်းအတွင်းမှာပဲ မော်ဒယ် Woo Joo Ahn က သူမနဲ့ Kangta တို့ အတူရှိနေခဲ့ ဗီဒီယိုဖိုင်ကို ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာတော့ Kangta ဟာ Woo Joo Ahn ကို နမ်းလိုက်ပြီး ရယ်ရယ်မောမောရှိနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် Woo Joo Ahn က သူမနဲ့ Kangta တို့ဟာ အရင်တုန်းက ချစ်ကြိုက်ခဲ့ကြပြီး ပြီးခဲ့တဲ့နှစ်အတွင်း လမ်းခွဲခဲ့ကြကြောင်း၊ ဒါပေမဲ့ မကြာသေးခင်တုန်းက သူမတို့နှစ်ယောက်ဟာ ပြန်လည်စတင်ဖြစ်နေကြောင်း ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့ SM Entertainment ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ခဲ့ကာ Woo Joo Ahn နဲ့ Knagta တို့ဟာ လမ်းခွဲခဲ့ကြပြီးပြီဖြစ်ကြောင်း၊ မင်းသမီး Jung Yoo Mi နဲ့လည်း တွဲနေတာ မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်တွေသာဖြစ်ကြောင်း Dating နှစ်ခုစလုံးကို ငြင်းဆန်ခဲ့ပါတယ်။

Jung Yoo Mi ရဲ့အေဂျင်စီကလည်း Dating သတင်းတွေကို ငြင်းဆန်ခဲ့ပြီး သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI



ဒီဇင်ဘာ (၁၅) ရက်နေ့တုန်းကတော့ SM Entertainment ရဲ့ H.O.T အဖွဲ့ဝင်ဟောင်း Kangta က ထူးထူးခြားခြား တစ်ရက်တည်းမှာပဲ Dating သတင်းနှစ်ခု ထွက်ပေါ်ခဲ့ပါတယ်။






Ref: Koreaboo


You cannot copy content of this page