K pop

■ Jimin ရဲ့ အဓိပ္ပာယ်ပြည့်ဝလွန်းတဲ့ စကားတစ်ခွန်းကြောင့် ARMY တွေ ဂုဏ်ယူခဲ့ရစဉ်…..

– – – Jimin ရဲ့ အဖြေစကားတွေဟာ တကယ့်ကို ပညာသားပါလွန်းတယ်လို့ ဆိုရမှာပါ။

အိပ်မက်ဆိုတဲ့အရာဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို လက်လျှော့လိုက်ဖို့ မဟုတ်ပါဘူး။ စွန့်လွှတ်လိုက်ဖို့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ခက်ခဲနေတဲ့အချိန်မျိုးမှာတောင် ယုံကြည်ရာ အိပ်မက်တစ်ခုကို ဆုပ်ကိုင်ထားရမယ် မဟုတ်လား။

BTS အဖွဲ့ဝင် Jimin ဟာ အိပ်မက်တစ်ခုကို အမြဲတမ်းဆုပ်ကိုင်ထားရမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ Jimin ဟာ V LIVE မှာ Live လွှင့်ခဲ့ပြီး ပရိသတ်တွေနဲ့ ထွေရာလေးပါး စကားတွေ ပြောဆိုခဲ့ပါတယ်။

အဲဒီမှာ ARMY တစ်ယောက်က “မင်းရဲ့အိပ်မက်က ဘာလဲ”လို့ မေးမြန်းခဲ့ရာမှာတော့ Jimin က သူခံယူထားတဲ့အိပ်မက်အကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။

“ကျွန်တော်က အမြဲတမ်း အိပ်မက်တစ်ခုကိုပဲ ကိုင်ဆွဲထားတယ်။ အမြဲတမ်း ကိုယ်ဖြစ်ချင်တဲ့အရာကိုပဲ လုပ်ခဲ့တယ်။ အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်ချင်သလဲ ပြန်မေးခဲ့ပြီး တူညီတဲ့အဖြေပဲ ထွက်လာပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်က Idol ဖြစ်ချင်တာပါပဲ”
-Jimin

Jimin ရဲ့စကားဟာ အလွန်ပညာသားပြည့်ဝကာ အဓိပ္ပာယ်ရှိလွန်းတာ တွေ့ရမှာဖြစ်ပြီး ARMY တွေကလည်း ဂုဏ်ယူသထက် ဂုဏ်ယူခဲ့ကြရပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page