K pop

■ Melon နဲ့ Gaon မှာ စံချိန်သစ်တွေ တင်ခဲ့တဲ့ BTS အဖွဲ့ဝင်

—- ဒီ BTS အဖွဲ့ဝင်တစ်ဦးဟာ Solo သီချင်းတွေနဲ့ Melon နဲ့ Gaon မှာ စံချိန်သစ်တွေတင်ခဲ့…

BTS အဖွဲ့ရဲ့ Main Vocalist နဲ့ Dancer တစ်ဦးဖြစ်တဲ့ Park Jimin ဟာ Solo သီချင်းတွေဖြစ်တဲ့ “Filter” ၊ သူ့ရဲ့ Self-Produced Song “Friends” တို့နဲ့ Melon ၊ Gaon တို့မှာ စံချိန်သစ်တွေစိုက်ထူ နိုင်ခဲ့ပါတယ်။

 

Jimin ရဲ့ “Filter” သီချင်းဟာ Melon မှာ Stream 109.4 သန်းကျော်နဲ့ နားထောင်သူ 2 သန်းရှိကာ Stream အများဆုံး BTS ရဲ့ Solo သီချင်းဖြစ်ခဲ့ပါတယ်။ “Friends” သီချင်းဟာလည်း 2020 ခုနှစ်မှာ Biggest Debut Solo Song ဖြစ်ခဲ့သလို Stream 112.4 သန်း၊ နားထောင်သူ 2.2 သန်းနဲ့ Melon ပလက်ဖောင်းပေါ်မှာ Stream အများဆုံး အဖွဲ့ဝင်တစ်ဦး Produce လုပ်တဲ့ BTS သီချင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။

Gaon Music Chart ပေါ်မှာလည်း Jimin ရဲ့ “Filter” နဲ့ “Friends” သီချင်းတွေဟာ Digital Index Points သန်း 200 ပြည့်ကာ 10 ကြိမ်မြောက် Gaon Chart Muic Awards ဖြစ်တဲ့ February Song Of The Year မှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ “Filter” သီချင်းဟာ February Song Of The Year မှာ ဆန်ခါတင်စာရင်းဝင်တဲ့ ပထမဆုံး BTS အဖွဲ့ဝင် Solo သီချင်းဖြစ်သလို Jimin ဟာလည်း ပရိုဂျူဆာအနေနဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ ပထမဆုံး BTS အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် Jimin ဟာ Melon ၊ Gaon တို့အပြင် Spotify ၊ Amazon ၊ iTunes ၊ Billboard World Digital Song Sales နဲ့ YouTube တို့မှာလည်း စံချိန်ကောင်းတွေတင်ထားတဲ့ BTS အဖွဲ့ဝင်တစ်ဦး လည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page