Celebrity

■ ခရစ္စမတ်လက်ဆောင်အနေနဲ့ ပရိသတ်တွေအတွေ့ချင်ဆုံး K Cele များ

— ဒီဇင်ဘာလ 25 ရက်နေ့ ခရစ္စမတ်နေ့ အစိုးရရုံးပိတ်ရက်ဖြစ်ပြီး အဆိုပါနေ့မှာ တောင်ကိုရီးယား ပြည်သူတွေ အတွေ့ချင်ဆုံး K Cele တွေက ဘယ်သူတွေဖြစ်မလဲလို့ ထင်ပါသလဲ…

တောင်ကိုရီးယား နာမည်ကြီး Survey ကုမ္ပဏီဖြစ်တဲ့ TNMS ဟာ မကြာသေးခင်က အခုနှစ် ခရစ္စမတ် လက်ဆောင်အနေနဲ့ အတွေ့ချင်ဆုံး K Cele စာရင်း ဆန္ဒမဲကောက်ယူမှုလုပ်ခဲ့ပါတယ်။ TNMS ဟာ အရွယ်ရောက်ပြီး အသက် 20 ကျော်အရွယ် ကိုရီးယားပြည်သူတွေကို ဆန္ဒမဲကောက်ယူခဲ့တာဖြစ်ပြီး တောင်ကိုရီးယားပြည်သူအများအပြားပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အသက် (20)ကျော်အားလုံး ရွေးချယ်ခဲ့တဲ့ အနုပညာရှင်(၃)ဦးမှာတော့ Running Man အဖွဲ့ဝင်၊ TV Personality ဖြစ်တဲ့ Yoo Jae Suk က နံပါတ် 1 ဖြစ်ခဲ့ကာ မင်းသား Gong Yoo ၊ အဆိုတော်မင်းသမီး IU က နံပါတ် 2 နဲ့ 3 တို့မှာ ရပ်တည်ခဲ့ပါတယ်။

နောက်ပြီး Trot Singer ဖြစ်တဲ့ Lim Yong Woong က နံပါတ် 4 ၊ BTS အဖွဲ့က နံပါတ် 5 တို့မှာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။

TNMS ဟာ အသက်အရွယ်အလိုက် ဆန္ဒမဲကောက်ယူမှုလည်းပြုလုပ်ခဲ့ပြီး အသက် 30 အရွယ်မှာ IU ၊ အသက် 40 အရွယ်မှာ Gong Yoo ၊ အသက် 50 အရွယ်မှာ Lim Young Woong ၊ အသက် 60 အရွယ်မှာ Trot Singer Na Hoon တို့က ခရစ္စမတ်လက်ဆောင် Cele တွေအဖြစ် ရွေးချယ်ခံခဲ့ရပါ တယ်။

အသက် 20 အရွယ်တွေကတော့ IU နဲ့ မင်းသား Kim Seon Ho တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ IU ကတော့ သက်လတ်မရွေး ဆန္ဒမဲကောက်မှုမှာပါဝင်ခဲ့ပြီး ပြည်သူတွေရဲ့အချစ်တော် အဆိုတော် မင်းသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page