K pop

■ TWICE အဖွဲ့ဝင်တွေထဲမှာ လက်အကြီးဆုံးနဲ့ အသေးဆုံးအဖွဲ့ဝင်တွေက ဘယ်သူတွေလဲ

—- TWICE အဖွဲ့ဝင်တွေမှာ လက်အကြီးဆုံး အသေးဆုံးအဖွဲ့ဝင်တွေက ဘယ်သူတွေလဲလို့ ONCE တွေထင်ပါသလဲ….

ဘာပဲဖြစ်ဖြစ် ONCE တွေအနေနဲ့ TWICE အဖွဲ့တွေရဲ့ လက်အရွယ်အစား ကြီးတဲ့သူ နဲ့ သေးတဲ့သူ ကို သိချင်မယ်လို့ ထင်ပါတယ်။ TWICE အဖွဲ့ဝင်တွေဟာ Variety Show MMTG မှာ ပါဝင်ဆင်နွှဲ တုန်းက ပြောခဲ့ကြပါတယ်။

Show အစီအစဉ်မှာ MC Jae Jae က လူမှုကွန်ရက်မှာ Hit ဖြစ်ခဲ့တဲ့ Nayeon ရဲ့ ကြီးမားတဲ့လက်အ ကြောင်း ပြောခဲ့ပါတယ်။

“ Nayeon မှာ ကြီးမားတဲ့လက်ရှိတယ်လို့ ညွှန်းဆိုကြပါတယ်။ Dahyun ကတော့ Nayeon လက်ကို ကြည့်ပြီး “ Woah” ဆိုတဲ့ ခံစားချက်ရှိတယ်လို့ ပြောခဲ့တယ်ဆို” – MC Jae Jae

အဲဒီမှာ Dahyun ကရယ်မောပြီး သဘောတူခဲ့သလို အဖွဲ့ဝင်ထဲမှာ သူမဟာ အသေးဆုံးလက်ပိုင်ဆိုင် ဖြစ်သလို Nayeon ကတော့ အကြီးမားဆုံးလက်ပိုင်ရှင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ အဖွဲ့ဝင်တွေထဲမှာ ကျွန်မဟာ လက်အသေးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ Nayeon ကတော့ ကြီးမားတဲ့ လက်တွေရှိသူပါ။ အဲဒီ အကြီးအသေး ခံစားချက်က ကျွန်မတို့ ကတဲ့အခါ ကွဲပြားနေတာဖြစ်ပါတယ်” လို့ Dahyun က ပြောခဲ့ပါတယ်။

နောက်တော့ Nayeon နဲ့ Dahyun တို့ဟာ လက်အရွယ်အစားကို နှိုင်းယှဉ်တဲ့အနေနဲ့ နှစ်ဦးသား အသည်းပုံ ပုံစံလုပ်ပြခဲ့ကြပြီး အရွယ်အစားက ကွဲပြားနေတာဖြစ်ပါတယ်။ MC Jae Jae ဟာ မကျေ နပ်သေးပဲ Nayeon နဲ့ Dahyun တို့ကို ဘောလီဘော ဘောလုံးကို အပေါ်ကနေ လက်နဲ့ ကိုင်ခိုင်းခဲ့ ကြပါတယ်။

Dahyun ဟာ လက်သေးတာကြောင့် မကိုင်နိုင်ဘဲ ချက်ချင်းဘောလုံးပြုတ်ကျသွားပေးမယ့် Nayeon ကတော့ ကြီးမားတဲ့လက်ကြောင့် ဘောလုံးကို ကိုင်နိုင်ခဲ့ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page