K pop

■ Big Hit Entertainment ရဲ့ အဆေက်အအုံသစ်မှာ COVID-19 ကူးစက်မှု မြင့်တက်လျက်ရှိ

-UNICODE

– – – BTS, TXT တို့ရဲ့ရုံးအသစ် ဖြစ်လာမဲ့ ဒီအဆောက်အအုံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လတ်တလော COVID-19 ကူးစက်မှု မြင့်မားနေပြီး…

Big Hit Entertainment ရဲ့ အဆောက်အအုံသစ်ဟာ COVID-19 ကူးစက်မှု မြင့်တက်လျက်ရှိနေကြောင်း ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

The Yongsan Trade Center မှာ တည်ရှိတဲ့ Big Hit ရဲ့ ဆောက်လက်စ အဆောက်အအုံသစ်ဟာ BTS, TXT တို့အပါအဝင် လက်အောက်ခံ အနုပညာရှင်တွေအားလုံး အနာဂတ်မှာ ပြောင်းရွှေ့အခြေချမဲ့ ရုံးခန်းသစ်လည်း ဖြစ်ပါတယ်။

လတ်တလော ဒီဆောက်လုပ်ရေး လုင်ငန်းခွင်မှာ COVID-19 ကူးစက်မှု (၆၂) ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း Central Defense Headquarters က အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ (၁၂) ရက်နေ့က ပထမဆုံး အတည်ပြုလူနာကို စတင် တွေ့ရှိခဲ့ပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်က လုပ်သား (၅၆) ဦး၊ မိသားစုဝင် (၄) ဦးနဲ့ အမည်မသိ (၁) ဦးတို့ COVID-19 ကူးစက်ခံခဲ့ရတာပါ။

ဒါကြောင့် လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်နားထားရပါတယ်။ Big Hit ကတော့ သူတို့အနေနဲ့ အဲဒီဆောက်လုပ်ရေးလုင်ငန်းခွင်ကို အစိုးရရဲ့ စည်းမျဉ်းတွေနဲ့အညီ တင်းကျပ်စွာ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

COVID-19 ကူးစက်မှု အရင်းအမြစ်ကို လတ်တလောမှာ အာဏာပိုင်တွေက ထုတ်ဖော်နေပြီး ဒီဇင်ဘာ (၇) ရက်ကနေ (၁၃) ရက်နေ့အထိ လာရောက်သူအားလုံးကို စစ်ဆေးနိုင်ခဲ့တယ်လို့လည်း Big Hit က ဆိုထားပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ Big Hit Entertainment ရဲ႕ အေဆက္အအံုသစ္မွာ COVID-19 ကူးစက္မႈ ျမင့္တက္လ်က္ရွိ

– – – BTS, TXT တို႔ရဲ႕႐ုံးအသစ္ ျဖစ္လာမဲ့ ဒီအေဆာက္အအုံရဲ႕ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ လတ္တေလာ COVID-19 ကူးစက္မႈ ျမင့္မားေနၿပီး…

Big Hit Entertainment ရဲ႕ အေဆာက္အအုံသစ္ဟာ COVID-19 ကူးစက္မႈ ျမင့္တက္လ်က္ရွိေနေၾကာင္း ကိုရီးယားမီဒီယာေတြရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။

The Yongsan Trade Center မွာ တည္ရွိတဲ့ Big Hit ရဲ႕ ေဆာက္လက္စ အေဆာက္အအုံသစ္ဟာ BTS, TXT တို႔အပါအဝင္ လက္ေအာက္ခံ အႏုပညာရွင္ေတြအားလုံး အနာဂတ္မွာ ေျပာင္းေ႐ႊ႕အေျခခ်မဲ့ ႐ုံးခန္းသစ္လည္း ျဖစ္ပါတယ္။

လတ္တေလာ ဒီေဆာက္လုပ္ေရး လုင္ငန္းခြင္မွာ COVID-19 ကူးစက္မႈ (၆၂) ဦးအထိ ရွိလာခဲ့ၿပီျဖစ္ေၾကာင္း Central Defense Headquarters က အတည္ျပဳခဲ့ပါတယ္။ ဒီဇင္ဘာ (၁၂) ရက္ေန႔က ပထမဆုံး အတည္ျပဳလူနာကို စတင္ ေတြ႕ရွိခဲ့ၿပီးေနာက္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္က လုပ္သား (၅၆) ဦး၊ မိသားစုဝင္ (၄) ဦးနဲ႔ အမည္မသိ (၁) ဦးတို႔ COVID-19 ကူးစက္ခံခဲ့ရတာပါ။

ဒါေၾကာင့္ လက္ရွိမွာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို ရပ္နားထားရပါတယ္။ Big Hit ကေတာ့ သူတို႔အေနနဲ႔ အဲဒီေဆာက္လုပ္ေရးလုင္ငန္းခြင္ကို အစိုးရရဲ႕ စည္းမ်ဥ္းေတြနဲ႔အညီ တင္းက်ပ္စြာ လုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

COVID-19 ကူးစက္မႈ အရင္းအျမစ္ကို လတ္တေလာမွာ အာဏာပိုင္ေတြက ထုတ္ေဖာ္ေနၿပီး ဒီဇင္ဘာ (၇) ရက္ကေန (၁၃) ရက္ေန႔အထိ လာေရာက္သူအားလုံးကို စစ္ေဆးႏိုင္ခဲ့တယ္လို႔လည္း Big Hit က ဆိုထားပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page