-UNICODE
– – – BLACKPINK အဖွဲ့ဝင် Jisoo မှာ မသိနိုင်တဲ့ Hidden Talents တွေရှိပြီး…..
BLACKPINK အဖွဲ့ဝင်တွေဟာ စတိတ်စင်ပေါ်မှာတော့ အဆို၊ အက၊ Rap ပိုင်းနဲ့ ပတ်သက်ရင် အံ့အားသင့်ဖွယ် အရည်အချင်းတွေကို ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို စတိတ်စင်ပေါ်မှာသာမက Show တွေမှာလည်း BLACKPINK အဖွဲ့ဝင်တွေဟာ ပါးစပ်အဟောင်းသားဖြစ်စေမဲ့ Hidden Talents တွေကို ထုတ်ပြပြီးသားပါ။ အဲဒီအထဲကမှ Jisoo ရဲ့ Hidden Talents တွေကို ဖော်ပြလိုက်ရပါတယ်။
Jisoo ရဲ့ ဒယ်ပြားစကေး
Tasty Square မှာ ပါဝင်တုန်းက Jisoo ရဲ့ အချက်အပြုတ်စွမ်းရည်ကလည်း အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ Jisoo ကို ဒယ်ပြားကို ဟိုဘက်၊ ဒီဘက် ကျွမ်းကျင်စွာ လှည့်ပြခဲ့ပါတယ်။
စိတ်ပိုင်းသန်မာသူဆိုတာ သက်သေပြခဲ့တဲ့ Jisoo
Jisoo ဟာ James Cordon ရဲ့ Flinch with BLACKPINK ဂိမ်းအစီအစဉ်မှာ ပါဝင်တုန်းကလည်း သန်မာသူဆိုတာ ပြသခဲ့ပါတယ်။ မှန်ကို လာထိမှန်တဲ့အခါ တခြားအဖွဲ့ဝင်တွေက လန့်သွားခဲ့ပေမဲ့ Jisoo ကတော့ အေးအေးဆေးဆေးပါပဲ။
ပုလင်းကို ပခုံးပေါ်တင်ပြခဲ့တဲ့ Jisoo
Jisoo ရဲ့ နောက်ထပ်စွမ်းရည်တစ်ခုက ဟန်ချက်ညီမှုပါပဲ။ ပုလင်းကို ပခုံးပေါ်မှာတင်ပြတာက Jisoo ရဲ့ လူသိအများဆုံး hidden talent လည်း ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။
-ZAWGYI
■ Show တွေမှာ ပြသထားတဲ့ Jisoo ရဲ့ Hidden Talents များ
Jisoo ရဲ့ ဒယ်ပြားစကေး
Ref: Koreaboo