K pop

■ Lee Min Ho နဲ့ အရင်းနှီးဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုရီးယားအနုပညာရှင်များ

– – -ဒီအနုပညာရှင်တွေနဲ့ Lee Min Ho ကြား ဆက်ဆံရေးက ပရိသတ်တွေအတွက် တကယ့်ကို ကြည်နူးစရာပါပဲ။

Woo Do Hwan

The King ထဲမှာ Lee Min Ho နဲ့ Woo Do Hwan တို့ရဲ့ အတွဲအဖက်ကို ပရိသတ်တွေ အလွန်သဘောကျခဲ့ကြပါတယ်။ အပြင်မှာလည်း Lee Min Ho နဲ့ Woo Do Hwan တို့ဟာ တော်တော်လေး ရင်းနှီးကြပြီး လူမှုကွန်ရက်တွေမှာလည်း တစ်ယောက် Post တစ်ယောက် အပြန်အလှန် Commnet ပေးရင်း စနောက်နေကြတာကို တွေ့ရမှာပါ။

Kim Hee Chul

အွန်လိုင်းဂိမ်းကစားကို ကြိုက်နှစ်သက်တဲ့ Lee Min Ho ဟာ သူရဲ့ အရမ်းရင်းနှီးတဲ့ Kim Hee Chul နဲ့ အမြဲဆော့နေကြပါ။ သူနဲ့ Lee Min Ho ဟာ ခဏခဏ ဂိမ်းအတူ ကစားဖြစ်ကြတယ်လို့ Kim Hee Chul က ဖွင့်ဟခဲ့ဖူးပါတယ်။

Jung Il Woo

Lee Min Ho နဲ့ Jung Il Woo ကတော့ အထက်တန်းကျောင်းသားဘဝကတည်းက ခင်မင်ရင်းနှီးလာခဲ့ကြသူတွေပါ။ နှစ်ယောက်စလုံးက ယာဉ်မတော်တဆမှုကိုလည်း အတူတူကြုံခဲ့ရပါသေးတယ်။ ဒါ့အပြင် Lee Min Ho ရဲ့ The King ရိုက်ကွင်းဆီကိုလည်း Jung Il Woo က Pizza Truck ပိုခဲ့ပါသေးတယ်။

Lee Jung Jae

Lee Min Ho နဲ့ Squid Game စီးရီးနဲ့ ကမ္ဘာကျော်လာတဲ့ မင်းသားLee Jung Jae တို့ကလည်း အလွန်ရင်းနှီးကြသူတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ရိုက်ကွင်းတွေဆီ Coffe Truck ပေးပို့ခဲ့ဖူးကြပါတယ်။ ဒါ့အပြင် မကြာသေးခင်ကလည်း Lee Jung Jae ရဲ့ Instagram ပို့စ် အောက်မှာ နောက်ပြောင်ပြီး Comment ပေးခဲ့တဲ့ Lee Min Ho ရဲ့ အပြုအမူကိုလည်း ပရိသတ်တွေက သဘောကျခဲ့ကြတာပါ။

Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page