K pop

■ အွန်လိုင်း Concert ‘The Show’ ကျင်းပတဲ့နေ့ကို ရွှေ့ဆိုင်းလိုက်တဲ့ BLACKPINK

— BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ရိုးရှင်းဆုံးနဲ့ ပထမဆုံးပြုလုပ်မယ့် အွန်လိုင်း Concert ‘The Show’ ကို ရွေ့ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိအချိန် ကိုရီးယားနိုင်ငံမှာ COVID19 ကူးစက်မှုတွေဟာ ပိုမိုပျံ့နှံ့လာခဲ့သလို K Industry မှာပါ အနုပညာရှင်တွေကို ကူးစက်လှုပ်ခက်မှုရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် BLACKPINK အဖွဲ့ဟာ ကို ရီးယားအစိုးရက ချမှတ်ထားတဲ့ COVID19 ကြိုတင်တားဆီးမှု Guidline အရ အွန်လိုင်း Concert ကို နောက်ရွှေ့လိုက်တာလို့ သိရပါတယ်။

 

COVID19 ကူးစက်မှုတိုးပွားမှုတွေကြောင့် အွန်လိုင်း Concert ကို ကျင်းပဖို့ ပြုလုပ်ကြမယ့် ဝန်ထမ်း တွေရဲ့ ကျန်းမာရေးအန္တရယ်ကို ကာကွယ်တဲ့အနေနဲ့ အခုလို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

Blackpink performs in the Sahara tent during Coachella Valley Music and Arts Festival at the Empire Polo Club in Indio on Friday, April 12, 2019. (Photo by Watchara Phomicinda, The Press-Enterprise/SCNG)

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ အွန်လိုင်း Concert ‘The Show’ ကို မူလက ဒီဇင်ဘာလ 27 ရက်နေ့ မှာ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် 2021 ခုနှစ် ဇန်နဝါရီလ 31 ရက် ကိုရီးယားစံတော်ချိန် 2PM ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်တွေအနေနဲ့ BLACKPINK အဖွဲ့ရဲ့ ပထမဆုံး အွန်လိုင်း Concert ကို ကြည့်ချင် တယ်ဆိုရင်တော့ လက်မှတ်တွေဝယ်ယူဖို့ အချိန်တွေအများကြီးရသေးတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page