Celebrity

■ Grazia France ရဲ့ Sexiest Men Of 2020 စာရင်းမှာ တစ်ဦးတည်းသော အာရှလူမျိုးအဖြစ် ပါဝင်ခဲ့ တဲ့ BTS အဖွဲ့ဝင်

—- ဒီ BTS အဖွဲ့ဝင်ဟာ Grazia France ရဲ့ Sexiest Men Of 2020 စာရင်းမှာ ပါဝင်ခဲ့တဲ့ တစ်ဦး တည်းသော အာရှ Artist ဖြစ်ခဲ့…

Grazia France ဟာ အပတ်စဉ်ထုတ်တဲ့ အမျိုးသမီးနဲ့ပတ်သက်သော မဂ္ဂဇင်းတစ်ခုဖြစ်ပြီး အီတလီအ ခြေစိုက်ဖြစ်ပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ ဗြိတိန်အပါဝင် နိုင်ငံတကာအနှံ့လည်း ထုတ်ေ၀ တာဖြစ်ပြီး 1938 ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ အရှိန်အဝါရှိတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်ပါတယ်။

Grazia France ဟာ ကမ္ဘာအနှံ့က အမျိုးသား Cele 12 ဦးပါ Sexiest Men Of 2020 စာရင်းမှာ ဝင်တဲ့ Sexiest Men Of 2020 စာရင်းကို ထုတ်ပြန်ခဲ့ပြီး အဲဒီမှာ BTS အဖွဲ့ဝင်တစ်ဦးတဲ့ Jungkook က ပါဝင် လာခဲ့တာဖြစ်ပါတယ်။

Jungkook ဟာ ကမ္ဘာအနှံ့ အမျိုးသား Cele တွေနဲ့အပြိုင် Sexiest Men Of 2020 အဖြစ် ရွေးချယ်ခံ ရတာဖြစ်ပြီး တစ်ဦးတည်းသော အာရှ Cele လည်းဖြစ်ခဲ့ပါတယ်။

Grazia France ကထုတ်ပြန်တဲ့ Sexiest Men Of 2020 စာရင်းကို ဖော်ပြရရင်…

1) Arón Piper (ဂျာမနီ-စပိန် သရုပ်ဆောင်)

2) Michael B. Jordan (အမေရိကန် သရုပ်ဆောင်)

3) Michele Morrone (အီတလီသရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်၊ ဖက်ရှင်ဒီဇိုင်နာ)

4) Lucas Bravo (ပြင်သစ်သရုပ်ဆောင်မော်ဒယ်)

5) Jacob Elordi (သြစတြေးလျသရုပ်ဆောင်)

6) Harry Styles (ဗြိတိန် အဆိုတော်၊ သရုပ်ဆောင်၊ One Direction အဖွဲ့ဝင်ဟောင်း)

7) Mehdi Dehbi (ဘယ်လ်ဂျီယံသရုပ်ဆောင်၊ ဒါရိုက်တာ)

8) David Castañeda (မက္ကဆီကို-အမေရိကန်သရုပ်ဆောင်)

9) Brad Pitt (အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ)

10) John David Washington (အမေရိကန်သရုပ်ဆောင်၊ ပရိုဂျူဆာ)

11) Mads Mikkelsen (ဒိန်းမတ် သရုပ်ဆောင်)

12) Jungkook (BTS အဖွဲ့ဝင်)

-m2t
Ref: Allkpop

 

You cannot copy content of this page