K pop

■ 2020 ခုနှစ်မှာ Album အရောင်းရဆုံး ကိုရီးယား အေဂျင်စီများ

—- 2020 ခုနှစ်မှာ Album အရောင်းရဆုံး ကိုရီးယား အေဂျင်စီကုမ္ပဏီတွေက ဘယ်သူတွေ ထိပ်ဆုံး က ဦးဆောင်မလဲလို့ ထင်ပါသလဲ…

2020 ခုနှစ်ဟာ မကြာခင်ကုန်ဆုံးတော့မှာဖြစ်လို့ နှစ်ကုန်ဆုပေးပွဲတွေ၊ အချက်အလက်စာရင်းတွေဟာ အလျင်းသင့်သလို ပေါ်ထွက်နေတာဖြစ်ပါတယ်။ 2020 ခုနှစ်မှာ ခြုံငုံပြီး Album အရောင်းရဆုံး ကိုရီး ယား အေဂျင်စီကုမ္ပဏီစာရင်း ဇယားတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ အချက်အလက်ဟာ ဒီဇင်ဘာလ 15 ရက်နေ့အထိ စာရင်းတွေဖြစ်ပြီး 2020 ခုနှစ်မှာ Album အရောင်းရဆုံး ကိုရီးယား အေဂျင်စီကုမ္ပဏီကတော့ Big Hit Entertainment ဖြစ်ပါတယ်။ Big Hit Entertainment ဟာ BTS နဲ့ TXT အဖွဲ့(၂)ဖွဲ့သာရှိပေမယ့် 10,054,929 Album ရောင်းချနိုင်ခဲ့ပြီး ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Big Hit ရဲ့နောက်မှာ SM ၊ JYP ၊ Pledis Entertainment တို့ အစဉ်လိုက်ရပ်တည်ခဲ့ပြီး YG Entertainment ကတော့ နံပါတ် (5)မှာသာရပ်တည်နိုင်ခဲ့ပါတယ်။ YG Entertainment ဟာ 2,751,917 Album သာရောင်းချနိုင်ခဲ့ပေမယ့် အဓိကကတော့ BLACKPINK ကြောင့်ဖြစ်ပါတယ်။

2020 ခုနှစ်မှာ Album အရောင်းရဆုံး ကိုရီးယား အေဂျင်စီကုမ္ပဏီ ဇယားကို အောက်ကပုံမှာ ကြည့်ရှုနိုင်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page