K pop

■ IU တို့ မောင်နှမရဲ့ မက်ဆေ့ချ်တိုက်ပွဲ

IU မှာ မောင်လေးတစ်ယောက်ပဲ ရှိပါတယ်။ IU မှာ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အလွန်အဆင်ပြေသူဖြစ်ပြီး လူတိုင်းချစ်ကြတဲ့ Idol တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ IU ဟာ သူမရဲ့ တစ်ဦးတည်းသော မောင်လေးကို ဆိုးချင်ပုံရပါတယ်။

အမကြီးပီပီ မောင်လေးကို အလိုမလိုက်ဘဲ အော်ငေါက်လေ့ရှိသလို၊ မောင်ဖြစ်သူကလည်း IU ကို ဂျစ်ကန်ကန်ပြန်လည်ဆက်ဆံပုံရပါတယ်။ အခုဖော်ပြထားတာတွေက Social Media တွေမှာ IU ကိုယ်တိုင်က သူမနဲ့ သူမရဲ့မောင်လေးတို့ ဖုန်းမက်ဆေ့ချ်ပြောဆိုမှုတွေကို ရှာတွေ့သလောက် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ IU ရဲ့ အမကြီးပုံစံကို ခံစားနိုင်ဖို့ မျှော်လင့်ပါတယ်။

April 10, 2013, Wednesday

IU – ဟေး … နင် ဘယ်အချိန် အိပ်ယာထလဲ။

IU – အဘွားကို ပြောလိုက်။ ငါ့အတွက် နံနက်စာ မလုပ်နဲ့တော့လို့။ ငါ မစားတော့ဘူးလို့။

IU – အဘွားကို သေချာပြောလိုက်နော်။

မောင်လေး – ငါ အခုမှာ တွေ့တာဟ။

April 13, 2013, Saturday

IU – နင် ဘယ်မှာလဲ?

IU – ငါ ပြောနေတယ်လေ။ နင် ဘယ်မှာလဲလို့။

မောင်လေး – အိမ်မှာလေ။

IU – အခန်းထဲမှာလား။

မောင်လေး – အင်း။

IU – မေမေ ဧည့်ခန်းမှာလား။

March 19, 2013, Tuesday

IU – အန်။

IU – ဟေး။

IU – ဟေး။

IU – အာ။

IU – ဟေး။

မောင်လေး – ကျူရှင်တက်နေတယ်။

IU – OK လေ။

March 25, 2013, Monday

IU – Lee Jong Hoon

IU – နင် မနက်ကျောင်းသွားရင် ပန်းခြံတံခါးကို ပိတ်ခဲ့နော်။

IU – တောင်းဆိုတာပါ။

ဒါမျိုးတွေလည်း ရှိသေး

IU – ဘယ်မှာလဲ။

IU – ဘယ်မှာတုန်း။

မောင်လေး – အိမ်ပြန်နေတယ်။

IU – ဘယ်လောက်ကြာမှာလဲ။

မောင်လေး – အနည်းဆုံး ၂ မိနစ်၊ အများဆုံး မိနစ် ၃၀။

May 23, 2013, Thursday

IU – နင် ဘယ်မှာလဲ။

May 28, 2013, Tuesday

IU – နင် အိမ်မှာလား။

IU – ဟေး။

IU – ဟေး။

IU – အာ… ဒီကောင်လေးတော့ နင် မက်ဆေ့ချ်တွေကို မကြည့်ရသေးဘူးလား

April 6, 2013, Saturday

IU – ဟေး။

IU – ဟေး ဟေး။

IU – ဟေး။

IU – Lee Jong Hoon။

IU – ဟေး ဟေး ဟေး။

IU – ဟေး။

April 7, 2013, Sunday

IU – ဟေး။

IU – နင် ငါ့ကို ထပ်ပြီး အဖက်မလုပ်ရင် နင့်ကို မုန့်ဖိုးပြတ်ပစ်မယ်။ (ခြိမ်းခြောက်ပြီလေ)

April 8, 2013, Monday

မောင်လေး – ဘာလို့လဲ။ (မုန့်ဖိုးဖြတ်မယ်ဆိုတော့ ကြောက်သွားပုံရတယ်)

– Cj
via Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page