K pop

■ Dynamite နဲ့ You Tube မှာ BTS စံချိန်သစ် ရေးထိုး

— – – BTS ရဲ့ Hit သီချင်း Dynamite က YouTube မှာ ရာပြည့်စံချိန်တစ်ခုကို ရေးထိုးပြန်ပါပြီ။

BTS အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၂၁)ရက်က သူတို့ရဲ့ ပထမဆုံးအင်္ဂလိပ်သီချင်းဖြစ်တဲ့ Dynamite ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီသီချင်းဟာ ဒီဇင်ဘာ (၁၇)ရက် ကိုရီးယားစံတော်ချိန် (၁၇)ရက်မှာပဲ YouTube Views သန်း (၇၀၀) ကျော်ခဲ့တာပါ။

Dynamite အနေနဲ့ YouTube Views သန်း (၇၀၀) ကျော်ဖို့ (၃)လနဲ့ (၂၆)ရက်သာ ကြာမြင့်ခဲ့ပြီး K-Pop အဖွဲ့ MV တွေထဲမှာ YouTube Views သန်း (၇၀၀) အမြန်ဆုံးပြည့်မြောက်တဲ့ MV အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အရင်တုန်းက YouTube Views သန်း (၇၀၀) အမြန်ဆုံးပြည့်တဲ့ MV အဖြစ် BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” က (၈)လ၊ (၂၁)ရက်နဲ့ စံချိန်တင်ထားခဲ့တာဖြစ်ပြီး အခု BTS ရဲ့ Dynamite က စံချိန်သစ်တင်ခဲ့တာပါ။

ဒါ့ပြင် BTS ရဲ့ Dynamite သီချင်းဟာ ၂၀၂၀ ခုနှစ်ထုတ် K-Pop MV တွေထဲမှာ ကြည့်ရှုမှုအများဆုံးအဖြစ် ရပ်တည်နေပြီး လက်ရှိအနေအထားအရ နှစ်ကုန်အထိ ဆက်ထိန်းသွားဖို့လည်း ရှိနေပါတယ်။

Dynamite ဟာ BTS အဖွဲ့ရဲ့ YouTube Views သန်း (၇၀၀) ကျော်တဲ့ (၆)ခုမြောက် MV ဖြစ်လာခဲ့ပြီး တခြား MV တွေကတော့ “DNA,” “Boy With Luv,” “Fake Love,” “IDOL,” နဲ့ “MIC Drop,” တို့ ဖြစ်ပါတယ်။ ဒါကြောင့် BTS အဖွဲ့ဟာ K-Pop မှာ YouTube Views သန်း (၇၀၀) ကျော် MV (၆)ခု ပိုင်ဆိုင်တဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသောအဖွဲ့လည်း ရပ်တည်နေပါတယ်။

— ဃဲ
Ref: Soompi

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page