K pop

■ အိပ်ဆေး တရားမဝင်တင်သွင်းမှုကြောင့် Queen of K-Pop စစ်ဆေးခံနေရ

— – – ဒီအကြောင်းအရာနဲ့ပတ်သက်လို့ SM Entertainment ဘက်ကလည်း တရားဝင်ထုတ်ပြန်ချက် ထုတ်ပြန်ထား …

တောင်ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ SPOTV News ရဲ့ ဖော်ပြချက်အရ BoA ဟာ တောင်ကိုရီးယားနိုင်ငံကို အိပ်ဆေး တရားမဝင်တင်သွင်းမှုနဲ့ ရဲတပ်ဖွဲ့တွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံနေရတယ်လို့ သိရပါတယ်။

Queen of K-Pop အဖြစ် သတ်မှတ်ကြတဲ့ BoA ဟာ ဂျပန်မှာ လှုပ်ရှားမှုတွေပြုလုပ်တိုင်း အဲဒီအိပ်ဆေးတွေကို အသုံးပြုလေ့ရှိပြီး တောင်ကိုရီးယားကို တင်သွင်းရာမှာ သွင်းကုန်စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိတာကြောင့် BoA ရော၊ လုပ်ငန်းရှင်တွေပါ ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံနေရခြင်းဖြစ်ပါတယ်။

BoA နဲ့ ပတ်သက်လို့ SM Entertainment ရဲ့ ထုတ်ပြန်ချက်မှာတော့ “BoA ဟာ ဟော်မုန်းကြီးထွားမှု နည်းပါးတာကြောင့် အိပ်ရေးဝဖို့ လိုအပ်တဲ့အတွက် အိပ်ဆေးကို အသုံးရကြောင်း၊ ဒါကြောင့် ကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင်ကာ BoA ဟာ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အိပ်ဆေးကို အသုံးပြုနေကြောင်း၊ ဒါက ဂျပန်မှာ ပြဿနာမရှိပေမဲ့ ကိုရီးယားမှာတော့ ပြဿနာရှိကြောင်း” ဖော်ပြပါရှိပါတယ်။

Korea Food & Drug Administration ရဲ့ စည်းမျဉ်းတွေအရ ဆေးတင်သွင်းမယ်ဆိုရင် အစိုးရ ခွင့်ပြုချက်လိုပေမဲ့ အဲဒီအချက်ကို BoA ဘက်က ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပေါ်ပေါက်နေတဲ့ ပြဿနာနဲ့ ပတ်သက်လို့ တောင်းပန်ကြောင်းနဲ့ အနာဂတ်မှာ ဒီလိုပြဿနာတွေ မပေါ်ပေါက်အောင် ဂရုစိုက်သွားမယ်လို့လည်း SM Entertainment က ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

— ဃဲ
Source: Naver News

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page